Tuesday, December 3, 2019

သီတဂူဆရာတော်ကြီး ဆွစ်စလန်နိုင်ငံ၌ နှလုံးကျန်းမာရေးနှင့်အထွေထွေစစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေးကောင်းမွန်စွာရှိ

Image may contain: 2 people, people smiling, people sitting, people standing and indoor

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ဒီဇင်ဘာ(၃) ရက်နေ့၊ နေ့ခင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ အထူးကုဆေးရုံသို့ ကြွရောက်၍ နှလုံးကျန်းမာရေးနှင့် အထွေထွေစစ်ဆေးပေးမှု ခံယူတော်ခဲ့ရာ လွန်စွာကောင်းမွန်ကြောင်း တပည့်ဒကာအပေါင်းကို သိရှိရန် သတင်းထုတ်ပြန်ထားသည်။

သက်တော်-၈၃နှစ် အတွင်းရောက်ရှိနေပြီဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသ နာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။
သီတဂူဆရာတော်ကြီး၏ ကျန်းမာရေးစစ်ဆေးမှုနှင့် သက်ဆိုင်သော အထွေထွေကုန်ကျစားရိတ်ကို ဆွစ်ဇလန်နိုင်ငံမှ ဒေါက်တာကံမင်းနှင့် ဒေါ်ဥမ္မာမင်း မိသားစုက လှူဒါန်းပေးကြပါသည်။ ဆွမ်းနှင့် အခြားသော ဝေယျာဝစ္စအလုပ်အကျွေးများ ပြုစုပေးကြပါသည်။
ဥရောပကျန်းမာရေး စစ်ဆေးမှုခရီးစဉ်တွင် ကပ္ပိယများအဖြစ် သီတဂူဦးကျော်မိုးနိုင် (မြန်မာ)၊ သီတဂူဦးသူရ (ဂျာမနီ)၊ သီတဂူဒေါက်တာဦးကိုကို (အင်္ဂလန်) တို့က လိုက်ပါအလုပ်အကျွး ပြုစုကြပါသည်။
Image may contain: 5 people, people smiling, people standing and indoor
Image may contain: 3 people, people smiling, people sitting, people standing and indoor
Image may contain: 4 people, people standing and outdoor
<zawgyi>
သီတဂူဆရာတော်ကြီး ဆွစ်စလန်နိုင်ငံ၌ နှလုံးကျန်းမာရေးနှင့်အထွေထွေစစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေးကောင်းမွန်စွာရှိ
Tuesday, December 3 , 2019

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ဒီဇင်ဘာ(၃) ရက်နေ့၊ နေ့ခင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ အထူးကုဆေးရုံသို့ ကြွရောက်၍ နှလုံးကျန်းမာရေးနှင့် အထွေထွေစစ်ဆေးပေးမှု ခံယူတော်ခဲ့ရာ လွန်စွာကောင်းမွန်ကြောင်း တပည့်ဒကာအပေါင်းကို သိရှိရန် သတင်းထုတ်ပြန်ထားသည်။
သက်တော်-၈၃နှစ် အတွင်းရောက်ရှိနေပြီဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသ နာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။
သီတဂူဆရာတော်ကြီး၏ ကျန်းမာရေးစစ်ဆေးမှုနှင့် သက်ဆိုင်သော အထွေထွေကုန်ကျစားရိတ်ကို ဆွစ်ဇလန်နိုင်ငံမှ ဒေါက်တာကံမင်းနှင့် ဒေါ်ဥမ္မာမင်း မိသားစုက လှူဒါန်းပေးကြပါသည်။ ဆွမ်းနှင့် အခြားသော ဝေယျာဝစ္စအလုပ်အကျွေးများ ပြုစုပေးကြပါသည်။
ဥရောပကျန်းမာရေး စစ်ဆေးမှုခရီးစဉ်တွင် ကပ္ပိယများအဖြစ် သီတဂူဦးကျော်မိုးနိုင် (မြန်မာ)၊ သီတဂူဦးသူရ (ဂျာမနီ)၊ သီတဂူဒေါက်တာဦးကိုကို (အင်္ဂလန်) တို့က လိုက်ပါအလုပ်အကျွး ပြုစုကြပါသည်။

0 comments:

Post a Comment