Tuesday, December 3, 2019

ပဲခူးတွင် လင်မယား ရန်ဖြစ်စဉ် အပြန်အလှန် ဓားဖြင့် ထိုးရာမှ ယောက်ျားဖြစ်သူ သေဆုံး

No photo description available.

ပဲခူးမြို၌ လင်မယားစကားများရာမှ ယောက်ျားဖြစ်သူ သေဆုံးမှု ဒီဇင်ဘ ၂ရက်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ် ၆ ရပ်ကွက် မင်းရဲကျော်စွာလမ်း နေအိမ်တွင် ထိုနေ့ညနေ ၅ နာရီကျော်အချိန်က မင်းကျော်ခန့်မှာ ၎င်း၏ဇနီး မရီရီမွန် အား လူမှုရေးဖောက်ပြန်နေသည်ဟု စွပ်စွဲပြောဆိုရာမှ စကားများပြီး မင်းကျော်ခန့် (၂၆)နှစ် မှ ဓားဖြင့်ထိုးစဉ် ဇနီးဖြစ်သူမှ ဓားပြန်လု၍ ထိုးနှက်မှုကြောင့် မင်းကျော်ခန့်၏ ဝဲဘက်ရင်အုံ နှင့် ယာဘက်ရင်အုံသို့ ထိုးမိခဲ့သဖြင့် ခင်ပွန်းဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းမှ သိရသည်။
လင်မယားနှစ်ဦး စကားများ၍ ဓားဖြင့်အပြန်အလှန်ထိုးနှက်မှုကြောင့် ဇနီးဖြစ်သူ မရီရီမွန် (၁၉) နှစ် ၌ ကျောပြင်တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မရီရီမွန် အား ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၁၄၇၀/၂၀၁၉ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ညီညီ(လွိုင်သာယာ)
<zawgyi>
ပဲခူးတွင် လင်မယား ရန်ဖြစ်စဉ် အပြန်အလှန် ဓားဖြင့် ထိုးရာမှ ယောက်ျားဖြစ်သူ သေဆုံး
Tuesday, December 3 , 2019

ပဲခူးမြို၌ လင်မယားစကားများရာမှ ယောက်ျားဖြစ်သူ သေဆုံးမှု ဒီဇင်ဘ ၂ရက်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ် ၆ ရပ်ကွက် မင်းရဲကျော်စွာလမ်း နေအိမ်တွင် ထိုနေ့ညနေ ၅ နာရီကျော်အချိန်က မင်းကျော်ခန့်မှာ ၎င်း၏ဇနီး မရီရီမွန် အား လူမှုရေးဖောက်ပြန်နေသည်ဟု စွပ်စွဲပြောဆိုရာမှ စကားများပြီး မင်းကျော်ခန့် (၂၆)နှစ် မှ ဓားဖြင့်ထိုးစဉ် ဇနီးဖြစ်သူမှ ဓားပြန်လု၍ ထိုးနှက်မှုကြောင့် မင်းကျော်ခန့်၏ ဝဲဘက်ရင်အုံ နှင့် ယာဘက်ရင်အုံသို့ ထိုးမိခဲ့သဖြင့် ခင်ပွန်းဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းမှ သိရသည်။
လင်မယားနှစ်ဦး စကားများ၍ ဓားဖြင့်အပြန်အလှန်ထိုးနှက်မှုကြောင့် ဇနီးဖြစ်သူ မရီရီမွန် (၁၉) နှစ် ၌ ကျောပြင်တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မရီရီမွန် အား ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၁၄၇၀/၂၀၁၉ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ညီညီ(လြိဳင္သာယာ)

0 comments:

Post a Comment