Tuesday, December 3, 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဆိုင်ကယ်သူခိုး ဂိုဏ်းကို ဆိုင်ကယ်၃၆ စီးနှင့်အတူဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ရွာနဲ့ ‌အောင်ရွာကြား လမ်းဘေးတဲငယ်အတွင်း မသင်္ကာလူငယ်တဦးကိုတွေ့ရှိ စစ်ဆေးရာက နောက်ထပ်လူလေးဦးနဲ့အတူ ဆိုင်ကယ် ၃၆ စီးကို ဖမ်းမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။

ဆိုင်ကယ်တွေရဲ့ ဝယ်လက်တွေထံ ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်း သိမ်းဆည်းရာမှာ ကလေးနယ်တင်မကပဲမုံရွာနယ်အထိ လိုက်လံ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ် ၃၆ စီးနဲ့အတူ ခိုးသူလို့ ယူဆရတဲ့အမျိုးသား ၅ ဦးကိုလည်း နိုဝင်ဘာ လဆန်းပိုင်းကဖမ်းဆီးမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေထဲမှာ၁၂၅ အမျိုးအစားက ၁၃စီး၊ အော်တိုဆိုင်ကယ်၁၃ စီး၊ FZ ၄ စီး၊ ကလပ်ဘီးကြီး ၆ စီးနဲ့ စုစုပေါင်း ၃၆ စီး ရှိပါတယ်။
လက်ရှိမှာ ဆိုင်ကယ်ခိုးသူလို့ ယူဆရတဲ့ ကျော်စိုးသန်းထွန်းထွန်း၊ ကောင်းထက်ဇော်၊ ဇော်ထွေးနဲ့ နိုင်လင်းတို့ တို့ကို ဆိုင်ကယ်ပိုင်ရှင် တဦးချင်းဆီကနေ အမှုဖွင့် တရားစွဲဖို့ စီစဉ်နေကြောင်း သိရသည်။
<zawgyi>

Tuesday, December 3 , 2019

0 comments:

Post a Comment