Tuesday, December 3, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကို ယခုလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

Image may contain: one or more people and people sitting

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း ကို အခုလွှတ်တော်သက်တမ်းတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။

“ဒီကိစ္စ ကို အရင်ဆုံး စတင်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း တစ်ခု အနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမ သက်တမ်းမှာ ဆောင်ရွက်ခဲ့မှု အရ မည်သည့် ဥပဒေကြမ်း ကို ဆက်ပြီး လွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့ အတွက် အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ကိုလည်း လက်ရှိ သက်တမ်းမှာပဲ ပြီးစီး အောင် ဦးစီးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ် ကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများအပေါ် ပြောကြားရာတွင် နာယက ဦးတီခွန်မြတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ခြေ/ဥ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဆောင်ရွက်မည်ဆိုသည့် ကိစ္စအား သက်ဆိုင်ရာပူးပေါင်းကော်မတီအား တာဝန်ပေးအပ်စဉ်ကပင် အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးတီခွန်မြတ်ကပြောသည်။
ထို့ အတူ ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်နိုင်ရေးအတွက် ဥပဒေ မူကြမ်း ၃ ခု တင်သွင်းထားပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေ မူကြမ်း ၂ ခု တင်သွင်းထားရာ ပူးပေါင်းကော်မတီ၏ မူကြမ်း ထွက်ရှိလာမှသာ လွှတ်တော်သို့ တပြိုင်တည်း တင်သွင်းသွားမည်ဟု အကြံပြုချက်များအပေါ် လွှတ်တော်မှ အတည်ပြုထားကြောင်း သိရသည်။
<zawgyi>
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကို ယခု လွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Tuesday, December 3 , 2019

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း ကို အခုလွှတ်တော်သက်တမ်းတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။
“ဒီကိစ္စ ကို အရင်ဆုံး စတင်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း တစ်ခု အနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမ သက်တမ်းမှာ ဆောင်ရွက်ခဲ့မှု အရ မည်သည့် ဥပဒေကြမ်း ကို ဆက်ပြီး လွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့ အတွက် အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ကိုလည်း လက်ရှိ သက်တမ်းမှာပဲ ပြီးစီး အောင် ဦးစီးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ် ကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများအပေါ် ပြောကြားရာတွင် နာယက ဦးတီခွန်မြတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ခြေ/ဥ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဆောင်ရွက်မည်ဆိုသည့် ကိစ္စအား သက်ဆိုင်ရာပူးပေါင်းကော်မတီအား တာဝန်ပေးအပ်စဉ်ကပင် အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးတီခွန်မြတ်ကပြောသည်။
လက်ရှိ မှာတော့ ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီ တွင် အဖွဲ့ဝင် ၄၃ ဦးသာ ကျန်ရှိနေပြီး ဥပဒေ မူကြမ်း ထွက်ရှိလာနိုင်ရေးအတွက် ဆွေးနွေးမှုများဆက်လက်လုပ်ဆောငျနလေကြျရှိကွောငျးသိရသညျ။
ထို့ အတူ ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်နိုင်ရေးအတွက် ဥပဒေ မူကြမ်း ၃ ခု တင်သွင်းထားပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေ မူကြမ်း ၂ ခု တင်သွင်းထားရာ ပူးပေါင်းကော်မတီ၏ မူကြမ်း ထွက်ရှိလာမှသာ လွှတ်တော်သို့ တပြိုင်တည်း တင်သွင်းသွားမည်ဟု အကြံပြုချက်များအပေါ် လွှတ်တော်မှ အတည်ပြုထားကြောင်း သိရသည်။

0 comments:

Post a Comment