Monday, December 16, 2019

ကမ္ဘာ့အမွေအနှစ်စာရင်းထဲသို့ ပါဝင်သွားပြီဖြစ်တဲ့ ထိုင်းရိုးရာအနှိပ်နည်းပညာ

ထိုင်းရိုးရာ အနှိပ်နည်းပညာဟာ ရှေးဟောင်းနည်းဖြစ်တဲ့ တံတောင်ကို အသုံးပြုပြီး ကိုယ်ခန္ဓာကို နှိပ်နယ်တဲ့ အနှိပ်နည်းပညာဖြစ်ရာ ယူနစ်စကိုရဲ့ အမွေအနှစ်စာရင်းကို ကြာသပတေးနေ့က ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အနှိပ်နည်းပညာဟာ အိန္ဒိယနိုင်ငံက မူလဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရာစုနှစ်ချီပြီး အသုံးပြုနေတာဖြစ်ပြီး ၁၉၆၀ နှစ်များမှာ ကမ္ဘာတစ်ဝန်း အနှိပ်ပညာရှင်တွေကို အနှိပ်ပညာရပ်ကို သီးသန့် ကျောင်းဖွင့်ပြီး သင်ကြားပေးခဲ့သည်။
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံကိုယ်စားပြုအဖွဲ့မှ ကိုင်ရက် ချန်ထရာသီက ယူနစ်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု (Intangible Cultural Heritage) စာရင်းမှာ ထိုင်းရိုးရာအနှိပ်ပညာကို ထည့်သွင်းခြင်း ခံရတဲ့အတွက် နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာမှာရော ပိုပြီး လေ့ကျင့်လာလာအောင် မြှင့်တင်လိုက်တာဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ ဖူးကတ်ကမ်းခြေ ရှိ လမ်းမကြီးတွေဘေးများတွင် ထိုင်းရိုးရာအနှိပ်ခံခုံများကို တွေ့ရပြီး ဈေးနှုန်းအား တစ်နာရီကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ လောက်ဘဲ ပေးရပါသည်။
ထိုင်းရိုးရာနည်းပညာ အနှိပ်ပညာသင်ကျောင်းကို ၁၉၆၂ ခုနှစ်က စတင်ဖွင့်လှစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံ အနှိပ်ပညာရှင်ပေါင်း ၂၀၀,၀၀၀ကျော်ကို ပညာသင်ကြားပေးပြီးဖြစ်ပါတယ်။ ထိုင်းရိုးရာ အနှိပ်ပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က စတင်ခဲ့တာလို့ သိရှိရသည်။
ထိုင်းနိုင်ငံတွင်းက spa တွေမှာ တစ်နာရီကို အမေရိကန်ဒေါ်လာ ၁၀၀ သာပေးရပေမယ့် ထိုင်းရိုးရာအနှိပ် ခေတ်စားနေတဲ့ လန်ဒန်၊နယူးယောက် နဲ့ ဟောင်ကောင်မှာတော့ နှစ်ဆ သို့မဟုတ် သုံးဆ အထိ ပေးရကြောင်း သိရှိရပါသည်။
Image may contain: one or more people, people sitting and indoor
Image may contain: 1 person, sitting
<<Zawgyi>>

0 comments:

Post a Comment