Monday, December 16, 2019

တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိသည့်စိုးရိမ်မှု့များနှင့်အတူ လားရှိုးရှိ ရွာ ၂ ရွာမှ ဒေသခံပြည်သူများ အီနိုင်းရွာသို့အရေးပေါ်ရွေ့ပြောင်း

Image may contain: 4 people, people sittingImage may contain: 1 person, sitting, child and indoor

တိုက်ပွဲဖြစ်ပွားလာနိုင်ဖွယ်ရှိသည့်စိုးရိမ်မှု့များနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ၂ရွာမှ ဒေသခံပြည်သူများသည် ယနေ့ညနေ(ဒီဇင်ဘာလ၁၆ရက်) ပိုင်းတွင် အီနိုင်းစစ်ဘေးရှောင် ဘုန်းကြီးကျောင်းသို့အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

“အီနိုင်းရွာကိုရွှေ့တာ၂ရွာရှိတယ်။ ကျွန်တော်ကလွယ်စောက်ကျေးရွာကို၂ခါ ဝင်လိုက်တယ်။ ဒုတိယရွာမှာတင် လူဦးရေ ၃၀၀ကျော်တယ်။ အဓိက,ကတော့ ကလေးငယ်လေးတွေရယ်၊ သက်ကြီးရွယ်အိုတွေများတာပဲ။ သူတို့ဘာသာသူတို့ဆိုင်ကယ်နဲ့ပြောင်းပြေးတာလည်း အများကြီးပဲ”ဟု အဆိုပါပြည် သူများကို သွားရောက်ကူညီကယ်ဆယ်ပေးမှု့တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လားရှိုး- ရှမ်း/မြောက်လူမှု့ကယ်ဆယ်ရေး) မှ သိရသည်။
အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများကို မဖြစ်မနေပြောင်းရွှေ့ပေးရန် ကျေးရွာလူကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသခံအခြေစိုက်ပရဟိတအဖွဲ့များက ကားများဖြင့် ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
ထိုကဲ့သို့ ဒေသခံပြည်သူများကို အရေးပေါ် ရွေ့ပြောင်းစေခြင်းမှာ မည်သည့်အတွက်ဆိုသည်ကိုမူမသိရှိကြောင်း၊ လတ်တလောတွင် ဒေသအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှု့ကို မတွေ့မြင်ရကြောင်း၊ တပ်မတော်ဘက်မှမူအချို့သောနေရာများတွင် လုံခြုံရေးယူထားပေးသည်ကို တွေ့ရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောကြားသည်။
Image may contain: 1 person, indoor
Image may contain: 2 people, car and outdoor
<<Zawgyi>>
တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိသည့်စိုးရိမ်မှု့များနှင့်အတူ လားရှိုးရှိ ရွာ ၂ ရွာမှ ဒေသခံပြည်သူများ အီနိုင်းရွာသို့အရေးပေါ်ရွေ့ပြောင်း
Monday, December 16, 2019

တိုက်ပွဲဖြစ်ပွားလာနိုင်ဖွယ်ရှိသည့်စိုးရိမ်မှု့များနှင့် အတူ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ၂ရွာမှ ဒေသခံပြည်သူများသည် ယနေ့ညနေ(ဒီဇင်ဘာလ၁၆ရက်) ပိုင်းတွင် အီနိုင်းစစ်ဘေးရှောင် ဘုန်းကြီးကျောင်းသို့အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။
“အီနိုင်းရွာကိုရွှေ့တာ၂ရွာရှိတယ်။ ကျွန်တော်ကလွယ်စောက်ကျေးရွာကို၂ခါ ဝင်လိုက်တယ်။ ဒုတိယရွာမှာတင် လူဦးရေ ၃၀၀ကျော်တယ်။ အဓိက,ကတော့ ကလေးငယ်လေးတွေရယ်၊ သက်ကြီးရွယ်အိုတွေများတာပဲ။ သူတို့ဘာသာသူတို့ဆိုင်ကယ်နဲ့ပြောင်းပြေးတာလည်း အများကြီးပဲ”ဟု အဆိုပါပြည် သူများကို သွားရောက်ကူညီကယ်ဆယ်ပေးမှု့တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လားရှိုး- ရှမ်း/မြောက်လူမှု့ကယ်ဆယ်ရေး) မှ သိရသည်။
အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများကို မဖြစ်မနေပြောင်းရွှေ့ပေးရန် ကျေးရွာလူကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသခံအခြေစိုက်ပရဟိတအဖွဲ့များက ကားများဖြင့် ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
ထိုကဲ့သို့ ဒေသခံပြည်သူများကို အရေးပေါ် ရွေ့ပြောင်းစေခြင်းမှာ မည်သည့်အတွက်ဆိုသည်ကိုမူမသိရှိကြောင်း၊ လတ်တလောတွင် ဒေသအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှု့ကို မတွေ့မြင်ရကြောင်း၊ တပ်မတော်ဘက်မှမူအချို့သောနေရာများတွင် လုံခြုံရေးယူထားပေးသည်ကို တွေ့ရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment