Wednesday, December 4, 2019

ပါကစ္စတန် အမျိုးသမီး ၆၂၉ ဦး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရ

Image may contain: 10 people, crowd and outdoor

ပါကစ္စတန်နိုင်ငံက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၆၂၉ ဦး၊ တရုတ်ပြည်ကို ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရကြောင်း ၂၀၁၈ ခုနှစ်ကနေ အခုထိ စုံစမ်းထောက်လှမ်းသူတွေ ရရှိတဲ့စာရင်းတွေအရ သိရှိရသည်။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရက တရုတ်ပြည်နဲ့ ဆက်ဆံရေး ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက် အဲဒီ ဇနီးမယားမှောင်ခိုဈေးကွက် လုပ်ငန်းအကြောင်း ဖုံးဖိထားပြီး၊ သတင်းမီဒီယာတွေကိုလည်း မဖော်ပြဖို့ ဖိအားပေးထားတယ်လို့ ဆိုပါတယ်။ ဖယ်ဒရယ်စုံစမ်းရေးဌာန အရာရှိတွေကိုလည်း ဇနီးမယား မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်ပြီး လက်ရှောင်နေဖို့ အကြီးအကျယ် ဖိအားပေးထားကြောင်း သိရှိရသည်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အဲဒီမှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၃၁ ဦး အမှုမှာလည်း၊ ရောင်းစားခံရသူ အမျိုးသမီးတွေကို ရဲက စစ်မေးတဲ့အခါ မှောင်ခိုသမားတွေက ခြိမ်းခြောက်တာ၊ ငွေပေးပြီး နှုတ်ပိတ်ထားတွေကြောင့် အဖြစ်မှန်ကို မပြောဆိုကြကြောင်း သိရှိရသည်။
တာဝန်ရှိသူတွေကို ဖိအားပေးထားလို့ ပါကစ္စတန်က လူမှောင်ခိုခံရတဲ့ အမျိုးသမီးတွေအတွက် ကူမယ့်သူ မရှိဘဲဖြစ်နေပြီး၊ အခုဆို လူမှောင်ခိုလုပ်ငန်း ပိုမိုကြီးထွားလာနေတယ်လို့ အရာရှိတွေက ပြောကြားခဲ့ကြောင်း သိရှိရသည်။
<zawgyi>
ပါကစ္စတန် အမျိုးသမီး ၆၂၉ ဦး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရ
Thursday, December 5 , 2019

#Myanmar_Online_News #ပါကစ္စတန် #တရုတ် #ဇနီးမယား

0 comments:

Post a Comment