Thursday, December 5, 2019

သာဇံ နာရေးမှာ အမိန့်စာပြန်ရင်း ငိုခဲ့ရတဲ့ ဒိန်းဒေါင်

Image may contain: 1 person, standingImage may contain: 3 people, people smiling
ဒိန်းဒေါင်ဟာ တပည့်ဖြစ်သူ လူရွှင်တော်သာဇံ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သာဇံရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ဖို့ကပြခဲ့တဲ့ရန်ပုံငွေပွဲမှာ ရတဲ့ ပိုက်ဆံတွေနဲ့ ကွယ်လွန်သူရဲ့မိသားစုဝင်တွေကို ထောက်ပံ့ ကူညီသွားမယ်လို့ဆိုပါတယ်။ သာဇံရဲ့ ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ကပြခဲ့တဲ့ ရန်ပုံငွေပွဲကနေ ရရှိလာတဲ့ ငွေကြေးအားလုံးကိုလည်း သာဇံရဲ့ ဇနီးကို ပေးအပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

“ ကိုသာဇံ ဆီကို ကျွန်တော် ည ၁၂ နာရီလောက်ရောက်တယ်။ ကျွန်တော် ဆရာဝန်ကိုသွားမေးသေးတယ်။ မရတော့ဘူးတဲ့ အသဲရော၊ ကျောက်ကပ်ရော ပျက်စီးသွားပြီတဲ့။ အဲဒီအတွက် လက်လျှော့လိုက်ပြီပေါ့နော်။ စိတ်မကောင်းစွာနဲ့ ကျွန်တော်လည်း ပြန်လာခဲ့ရပါတယ်။ ပထမကတော့ ကိုသာဇံ ရဲ့ ကျန်းမာရေးအတွက် ရန်ပုံငွေပွဲလေးကမလို့။ အခုဆုံးသွားပြီဆိုတော့ သူ့ရဲ့ ၁၉ ရက်သားလေးရယ်၊ သူ့မိန်းမအတွက်ရယ် စားဝတ်နေရေးအတွက် ထောက်ပံ့ပေးသွားမယ်ပေါ့” လို့ သူကဆိုပါတယ်။
ဒိန်းဒေါင် ကတော့ သာဇံဟာ သူ့အတွက် တပည့်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် သေတမ်းစာဖတ်ရတဲ့အချိန်မှာ ဝမ်းနည်းကြေကွဲခဲ့ရတယ်ဆိုပါတယ်။ "သူက ဒီနှစ်အတွက် ကျွန်တော့်အဖွဲ့ထဲဝင်ဖို့ စာချုပ်ချုပ်ထားတာပေါ့နော်။ စပေါ်တွေဘာတွေ ယူပြီးပြီ။ အခုဆုံးသွားပြီဆိုတော့ အမိန့်စာပြန်ပေးခဲ့ရတယ်။ အဖွဲ့နဲ့ဘာမှမဆိုင်တော့သလို မင်းအပေါ်တင်နေတဲ့ အကြွေးတွေလည်း မယူတော့ဘူးပေါ့။ သေတမ်းစာ ဖတ်ရင်းနဲ့ မျက်ရည်ကျခဲ့ရပါတယ်။ သူက ငယ်ငယ်လေးကတည်းက တပည့်ပါပဲ” လို့ ဆိုပါတယ်။
လူရွှင်တော် သာဇံကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲမှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့က ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ နေအိမ်မှာ ရက်လည်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
သာဇံဟာ လူရွှင်တော်ဖလား ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယို ဇာတ်ကားတွေထဲမှာ မင်းသား၊ မင်းသမီးတွေရဲ့ သူငယ်ချင်း နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ ၈ နှစ်ကျော်ခန့်ရှိပါတယ်။
ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူတစ်ဦးပါ။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။
Image may contain: 5 people, people sitting
<zawgyi>
သာဇံ နာရေးမှာ အမိန့်စာပြန်ရင်း ငိုခဲ့ရတဲ့ ဒိန်းဒေါင်
Thursday, December 5 , 2019

#Myanmar_Online_News #သာဇံ #ဒိန်းဒေါင် #အမိန႔္စာ

0 comments:

Post a Comment