Thursday, December 5, 2019

မြန်မာ့ အမျိုးသမီးအသင်း ဒီဇင်ဘာ ၈ရက် နေ့လည် ၂ နာရီ ၃၀မိနစ်တွင် ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည်

Image may contain: one or more people and outdoor

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယနေ့ ဒီဇင်ဘာ (၅)ရက်နေ့ က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ခံစစ်နဲ့ တိုက်စစ်မျှတအောင် ကစားနိုင်ခဲ့တယ်။ အဝေးကန်ချက်ကနေ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တိုက်စစ်မှာလည်းအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာ့ ဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး" ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးဝင်းသူမိုး က ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နှင့် ဒီဇင်ဘာ ၈ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

<zawgyi>
မြန်မာ့ အမျိုးသမီးအသင်း ဒီဇင်ဘာ ၈ရက် နေ့လည် ၂ နာရီ ၃၀မိနစ်တွင် ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည်
Friday, December 6 , 2019

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယနေ့ ဒီဇင်ဘာ (၅)ရက်နေ့ က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။
"ဒီနေ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ခံစစ်နဲ့ တိုက်စစ်မျှတအောင် ကစားနိုင်ခဲ့တယ်။ အဝေးကန်ချက်ကနေ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တိုက်စစ်မှာလည်းအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာ့ ဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး" ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးဝင်းသူမိုး က ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နှင့် ဒီဇင်ဘာ ၈ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #MFF

0 comments:

Post a Comment