Wednesday, July 9, 2014

လေယာဉ်ခရီးစဉ် ခေတ္တ ဆိုင်းငံ့မှု ဖြစ်ပွားခဲ့တဲ့အတွက် လေယာဉ်မှုးက ခရီးသည်များကို ပီဇာမုန့် များ ၀ယ်ကျွေးခဲ့



ရောနယ်ရေဂင်ဝါရှင်တန် လေဆိပ်မှာ ပြီးခဲ့တဲ့ တနလာင်္နေ့ ည 0740 မှာ ထွက်ခွာမယ့် The Frontier Airline ဖလိုက်နံပါတ် ၇၁၉ နဲ့ ဒင်ဗာကို ထွက်ခွာမည့် လေယာဉ်ခရီးစဉ်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ထွက်ခွာရမည့် အချိန်ထက် လေယာဉ်ခရီးစဉ် ၄ နာရီနီးပါးခန့် ပိုမိုနောက်ကျခဲ့ရကြောင်း သိရသည်။ထို့အတွက် အဆိုပါလေယာဉ်ရှိ လေယာဉ်မှုးက မိမိလေယာဉ်ပေါ်ကို ရောက်ရှိတဲ့ ခရီးသည်များအတွက် အကောင်းဆုံး ၀န်ဆောင်မှုတစ်ခုကို ပြုလုပ်ပေးခဲ့သည်။

အမည်မဖော်လိုတဲ့ အဆိုပါလေယာဉ်မှုးဟာ Cheyence Domino's ရဲ့ ပီဇာမုန့်များကို ခရီးသည်များအတွက် မှာယူကာ ကျွေးမွေးခဲ့ကြောင်း သိရသည်။ ပီဇာမုန့်များ လက်ခံရရှိသည့် တာဝန်ခံလေယာဉ်မှုးဟာ ခရီးသည်တွေကို ဦးစားပေးကာ ငွေပေးချေခဲ့ကြောင်း သိရသည်။

စရိတ်အနည်းဆုံး လေကြောင်းလိုင်းထဲက တစ်ခုဖြစ်သော Frontier Airline ရဲ့ လေယာဉ်မှုးကတော့ သူ့ရဲ့ ခရီးသည်တွေပေါ်မှာ ထားတဲ့ မွန်မြတ်လှတဲ့ စေတနာကြောင့် နေ့ချင်းညချင်းမှာပဲ စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ကြောင်း သိရသည်။

Ref : Fox News
YMG

0 comments:

Post a Comment