Monday, December 1, 2014

မေးစမ်းချင်ပါသည်


ကေအိုင်အေစစ်ဌာနချုပ်လိုင်ဇာတွင် ကျဆုံးသွားသော တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးကို ရည်စူး၍ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ဓည၀တီဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ပြုလုပ်သော ရက်လည်ဆွမ်းကျွေးတရားတော်နာရေစက်ချအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်ပေးရန် ကချင်၊ ချင်းနှင့် ရခိုင် တိုင်းရင်းသားအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်ဟု သိရပါသည်။လိုင်ဇာရောက် ဗိုလ်လောင်းများကို ပစ်ခတ်လိုက်ခြင်းအပေါ် ရခိုင်တပ်မတော်အနေဖြင့် တုံ့ပြန်မှုကို မလိုလားဘဲ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပေးရန်တောင်းဆိုလိုကြောင်းနှင့် ရခိုင်တပ် မတော်သည် လက်နက်မကိုင်ချင်ကြောင်း၊ ဘယ်သူ့ကိုမှလည်း မသတ်ချင်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပေးဖို့ တောင်းဆိုလိုကြောင်း စသဖြင့် ရခိုင် ပြည်လွတ်မြောက် ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောကြားသွားကြောင်း လည်း သိရပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းကို သေချာစွာမလေ့လာဘဲနဲ့ တပ်မတော်ကအပစ်ရပ်ရေး လက်မှတ်မထိုးချင်သော အသုံးအနှုန်းသုံးစွဲသူ ဒေါ်စောမြရာဇာလင်းကို မေးချင်တာက ဘယ်သူကလက်မှတ် ထိုးဖို့ငြင်းဆိုနေတာလဲဆိုတဲ့ အဖြေပဲဖြစ်ပါသည်။
တကယ်လက်မှတ်မထိုးချင်သောအဖွဲ့က ဘယ်သူဘယ်ဝါလဲ ဆိုတာပေါ်လွင်အောင် သက်သေပြရရင် ငြိမ်းချမ်းရေးဆွေးနွေးနေသောကာလမှာ ဘာရည်ရွယ်ချက်နဲ့ ဗိုလ်သင်တန်းကျောင်းဖွင့်ခဲ့တာပါလဲ။

နိုင်ငံတော်ကိုကာကွယ်ဖို့ဆိုရင် တပ်မတော်ရှိပါသည်။ နိုင်ငံတော်ကာကွယ်ဖို့ တပ်မတော်လည်းရှိတယ်၊ ပြည်ပကျူးကျော်စစ်လည်းမရှိပါဘဲနဲ့ ဖွင့်တဲ့ဗိုလ်သင်တန်းသည် တပ်မတော်ကိုတိုက်ဖို့ကလွဲ၍ အခြားရည်ရွယ် ချက်မရှိနိုင်ပါ။ တပ်မတော်ကို တိုက်ဖို့ဖွင့်တာဆိုရင် ငြိမ်းချမ်းရေးမလိုချင်တာ ဘယ်သူတွေလဲ၊ အပစ်ရပ် လက်မှတ်မထိုးဖို့ ဘယ်သူတွေပြောနေတာလဲဆိုတာ အဖြေကရှင်းနေပါသည်။

ထို့ပြင် MPC နှင့် NCCT တို့ ချင်းမိုင်တွင် ညှိနှိုင်းပြီးမှ တပ်မတော်ကို အကြပ်ကိုင်ပြီး ဟိုဟာတောင်း ဒီဟာ တောင်းလုပ်လာတာကို လက်ခံရအောင် တပ်မတော်က စစ်သက်အနည်းဆုံး ၃၅ နှစ်လောက်ရှိသော ဗိုလ်ချုပ်ကြီးကိုယ်စားလှယ်တွေ တက်ရောက်နေခြင်းဖြစ်ပါသည်။
အတွေ့အကြုံရှိပြီးသားမို့ NCCT ဘယ်ခြေ လှမ်း လှမ်းနေပြီဆိုတာ သိနေပြီးသားဖြစ်ပါသည်။ ရှင်းရှင်းပြောရရင် ဘာရည်ရွယ်ချက်နဲ့တောင်းဆိုတယ်ဆိုတာ သိပြီးသားဖြစ်ပါသည်။

FUA ဆိုတာဘာလဲ၊ FUA ဆိုတာ ဖက်ဒရယ်တပ်မတော်တည်ထောင်နိုင်ဖို့ အကြံအစည်နဲ့ဖွဲ့ထားသော တိုင်းရင်းသား တပ်ပေါင်းစုဆိုပြီး လိုင်ဇာမှာ ဗိုလ်သင်တန်းဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ UNFC ဆိုတာကရော တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရဲ့လား မေးချင်ပါသည်။ ထိုအဖွဲ့ထဲတွင် UWSA“ ၀ ” ၊ NDAA(မိုင်းလား)နှင့် ကိုးကန့်အဖွဲ့များမပါဝင်ပါ။ KNU တောင် လက်မခံလို့ခွဲထွက်နေပြီဖြစ်ပါသည်။

KIO ဒုဥက္ကဌ အင်ဘန်လက KIA အတွက် အသေခံခိုင်းဖို့ တိုင်းရင်းသားတပ်ပေါင်းစုဖွဲ့ပြီး ဗိုလ်လောင်းတွေကို စုစည်းသင်တန်းပေးနေခြင်းသာဖြစ်ပါသည်။ FUA ဌာနချုပ်ကို လိုင်ဇာအနီးမှာ ဖွင့်လှစ် သောရည်ရွယ်ချက်က ဘာအတွက်ပါလဲ။ ဘာဖြစ်လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးသွားသော ဗိုလ်လောင်း ၂၃ ဦးတွင် KIA ဗိုလ်လောင်းတွေမပါ တာလဲ။ လက်ရှိဗိုလ်သင်တန်းကို မုန်လိုင်ချက်ကို ရွေ့လိုက်တဲ့ ရည်ရွယ်ချက်ကိုရော သိပါသလား။ တပ်မတော်ကို တိုက်ခိုက်ဖို့ စုပေါင်းပြီး စစ်ရေးလေ့ကျင့်နေ တယ်ဆိုတာ အဖြေကရှင်းပါသည်။

ပိုမိုကြောက်စရာကောင်းသောလုပ်ရပ်ကိုလည်း ပြောရပါဦးမည်။ လိုင်ဇာမှာဖွင့်လှစ်ထားသော စာသင် ကျောင်းက ကလေးများကို လိုင်ဇာအနီးက KIA စခန်းတွေမှာ ဖြန့်ခွဲထားသော လုပ်ရပ်ဖြစ်ပါသည်။
ရည်ရွယ်ချက်ကိုသိပါသလား။ တပ်မတော်က တိုက်ခိုက်လာခဲ့ရင် ကလေးတွေကို Human Shield လို့ခေါ်တဲ့ လူသားတံတိုင်းအဖြစ် ကာရံပြီး KIO/KIA ခေါင်းဆောင်များအတွက် စတေးခြင်းဖြစ်ပါသည်။

အင်ဘန်လက နောက်ကွယ်မှာ ပြုံးပြုံးကြီးအောင်ပွဲခံနေတာ ဘာ့ကြောင့်ပါလဲ။ လက်ရှိကြေညာချက် တွေထုတ်နေတဲ့အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုသည် အင်ဘန်လတစ်ယောက်တည်းပိုင်ဆိုင်မှုနှင့် ယှဉ်ကြည့်လျှင် ဘယ်သူများမယ်ထင်ပါသလဲ။ ထိုအဖွဲ့အစည်းများကို စုစည်းထားပြီး သင်တန်းပေးနေတာကကော ဘယ်သူ့ အကျိုးစီးပွားအတွက် ဖြစ်မယ်ထင်ပါသလဲ။ အင်ဘန်လကိုယ်ကျိုးစီးပွားအတွက် လှည့်ကွက်ထဲမှာ အသုံးချ ခံနေရတဲ့ အဖွဲ့အစည်းတွေကို တကယ်သနားမိပါသည်။

အင်ဘန်လလိုလူစားမျိုးက တိုင်းရင်းသားအချင်းချင်းမပြောနဲ့၊ ကုလားတွေကိုတောင် ဆွဲစိပြီး မွတ်စလင်တပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်ကို အာရကန်ပြည် တောင်းပေးမယ်ဆိုတဲ့ မက်လုံးကို ယုံနေကြသော ရခိုင်တပ်မတော်(AA) သည်လည်း KIA လက်အောက်ခံ ထားရာနေ စေရာသွား ဘ၀ရောက်နေပါသည်။ လက်ရှိ KIA ထဲက တပ်သားအဆင့်နဲ့ စုဆောင်းထားသော သူတွေထဲမှာ ကရင်ရော၊ ချင်းရော၊ ပလောင်ရော၊ ရခိုင်ရော၊ ဗမာရော၊ ရှမ်းရော၊ ကုလားရော အားလုံး သပနပေါင်းစုံရှိပါသည်။ သူတို့သဘောနဲ့ သူတို့ဝင်တယ်လို့ထင်နေလား။ KIA အဖွဲ့က ရွှေမှော်တွေမှာ လိုက်ဖမ်းပြီး စုဆောင်းထားတဲ့ သူတွေဖြစ်ပါ သည်။ ငြင်းချင်ပါသလား။

အချုပ်ပြောရလျှင် အပစ်မရပ်ချင်တာ ဘယ်သူလဲ၊ ငြိမ်းချမ်းရေး မယူချင်တာဘယ်သူလဲ ဆိုတာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါပြီ။ မကောင်းသောလုပ်ရပ်မှန်သမျှ ကျူးလွန်နေသော ထိုအဖွဲ့ အစည်းများကိုလည်း အပစ်ရပ်ပေးဖို့ တောင်းဆိုကြည့်ရင် ပိုကောင်းမယ်ထင်ပါသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော် ဘယ်လိုပါဝင်နေတယ်ဆိုတာ သေချာမလေ့လာဘဲနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အပစ်ရပ်ပေးဖို့တောင်းဆိုခဲ့ တဲ့ ဘုမသိ ဘမသိလူတွေကို အပစ်ရပ်ဖို့ ငြင်းတာ တပ်မတော်လား ဒါမှမဟုတ် KIA လားဆိုတာ မေးချင်စမ်းပါသည်။

မောင်ကောင်းပြည့်
နေ့စဉ်သတင်း

0 comments:

Post a Comment