Monday, December 1, 2014

ဗီဒီယို အကြိုခံစားခြင်း


ဒီနေ့ရဲ့ ဗီဒီယို အညွှန်းကဏ္ဍ မှာတော့ လွမ်းမောဖွယ်ရာကောင်း တဲ့ အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါ တယ်။

မေက ကျောင်းမှာ ယောက်ျား လေးတိုင်း စိတ်ဝင်စားခံရတဲ့ ကျောင်းသူတစ်ယောက်ပါ။ မေ အကူအညီလိုတိုင်း ယောက်ျား လေးတစ်ယောက်မဟုတ် တစ် ယောက်အမြဲရှိနေတတ်ပြီး အဲဒီလိုအကူအညီပေးရတာကို ယောက်ျားလေးတိုင်းက ဂုဏ်ယူလေ့ ရှိပါ တယ်။ ယောက်ျားလေးတိုင်း ဂုဏ်ယူတတ်ပေမယ့် မေကတော့ သ ဘောမကျပါဘူး။ကျောင်းမှာရှိတဲ့ ယောက်ျား လေးတွေထဲမှာ မေသတိပြုမိသူ တစ်ယောက်တော့ရှိပါတယ်။ သူ က တံခွန်ပါ။ တံခွန်က ကျောင်း မှာ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်သလို တခြားယောက်ျား တွေလို မေ့ကိုလည်း လိုက်ကြည့် မနေတတ်ပေမယ့် မေမသိအောင် တော့ အမြဲတမ်းခိုးကြည့်လေ့ရှိပါ တယ်။တံခွန့်ဘက်က မေ့ကိုလူမသိသူမသိချစ်နေရတာနဲ့ ပတ်သက် ပြီး မေ့ဘက်က မသိပေမယ့် တံခွန့်ဘက်ကတော့ သိနေပါတယ်။ အဲဒါကတော့ တံခွန်ရဲ့ အဖေက မေရဲ့ အဒေါ်ကို ချူစားဖူးတာပါ။ အခုချိန်မှာတော့ နောင်တတွေရ နေတဲ့ တံခွန်ရဲ့ အဖေကငွေကြေး နဲ့ ပတ်သက်ပြီး ဘာမှမယူဖို့ ဆုံး မလေ့ရှိပါတယ်။

အဲဒီအကြောင်းတွေကို မေ သိပေမယ့် တံခွန်ရဲ့ အဖေမှန်း တော့မသိပါဘူး။ အဲဒါကြောင့် သူဘက်ကစပြီး တံခွန်ကို ပတ် သက်ခဲ့သလို ချစ်နေပေမယ့် ဖွင့် မပြောတဲ့ တံခွန်ကို သူ့ဘက်က ချစ်နေတဲ့အကြောင်း ဖွင့်ပြောခဲ့ပါ တယ်။ တံခွန့်ဘက်က အကြောင်း စုံသိနေတာကြောင့် သူငယ်ချင်း အဖြစ်ကနေ ရှေ့ဆက်မတိုးခဲ့ပါ ဘူး။ အဲဒီလိုနဲ့ မေရဲ့ အဖေက တံခွန်နဲ့ ပတ်သက်ပြီး ရှေ့ဆက်မပတ်သက်ဖို့ပြောခဲ့ပါတယ်။ နောက်ပြီး သူသဘောတူတဲ့ လူနဲ့လက်ထပ်ဖို့ ပြောခဲ့ပါ တယ်။ အဲဒါကြောင့် အဲဒီအကြောင်းတွေကို မေက တံခွန်ကို ပြောပြခဲ့တဲ့ အချိန်မှာတော့ တံခွန်က မိဘတွေစီစဉ်တာဖြစ်လို့ လက်ခံဖို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် မေ သူ့အဖေသဘောတူတဲ့ သူနဲ့ လက်ထပ်ဖို့ လက်ခံခဲ့ပါတယ်။

ဒါပေမဲ့ တစ်ရက်မှာတော့ မေ တို့ အိမ်ရှေ့ကို တံခွန်ရောက်လာ ခဲ့ပါတယ်။ နောက်ပြီး မေ့ကို အပြင်ကိုလိုက်ခဲ့ဖို့ ခေါ်ခဲ့ပြီး အဲဒီတစ်နေ့ လုံး မေနဲ့ တံခွန်တို့ ချစ်သူတွေအ နေနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ ပွင့် ပွင့်လင်းလင်း ချစ်သူတွေဖြစ်သွား တဲ့ တံခွန်နဲ့ မေတို့ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာ ကိုတော့ ရွှေစင်ဦးထုတ်လုပ်ရေး ကနေ ဒီဇင်ဘာ ၅ ရက်မှာ စတင်ဖြန့်ချိပေးမယ့် ‘ချစ်ဦးမေ’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်

လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ တံခွန်အဖြစ် နေမင်း၊ မေအဖြစ် ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ခူးခူးရဲ့ ၀တ္ထုကို အင်ကြင်းဟန် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်။


7Day Daily

0 comments:

Post a Comment