Wednesday, December 4, 2019

တပ်မတော်စစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ဂျပန်ရေတွင်းတပ်စခန်းမှ ပြန်လည်ထွက်ခွာ၍ ကိုက် ၃၀၀ ခန့်အကွာ ဟင်္သာတိုင်ဂိတ်စခန်းတွင် ဆက်လက်အခြေပြုထိန်းချုပ်ထား

No photo description available.

လတ်တလောတွင် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့အင်အား ၁၀၀ ကျော် တစ်ပတ်ကြာခန့်ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် ယမန်နေ့ညပိုင်းအချိန်တွင် မွန်ပြည်သစ်တပ်စခန်းမှ တပ်မတော်စစ်ကြောင်းထွက်ခွာပြီး ကိုက် ၃၀၀ ခန့်အကွာရှိ ဟင်္သာတိုင်ဂိတ်စခန်းတွင် ဆက်လက်အခြေပြုလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် BGF တပ်ဖွဲ့တို့သည် ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာမှ လုံးဝထွက်ခွာသွားခြင်းမဟုတ်ဘဲ ၎င်းတို့ဝင်ရောက်ထိန်းချုပ်နေရာဝင်ယူခဲ့သော မွန်တပ်စခန်းမှထွက်ခွာခြင်းသာဖြစ်ပြီး အဓိကကျသည့် ဘုရားသုံးဆူ-ဂျပန်ရေတွင်း-ကြံတောရွာ လမ်း ၃ ခွဆုံချက် ဟင်္သာတိုင်ဂိတ်စခန်းနေရာတစ်ဝိုက်နှင့် ကျောက်ထုတ်လုပ်စခန်း(မောင်ဖြူ) ၌ ဆက်လက်အခြေပြုထားကြောင်း မွန်ပြည်သစ်တာဝန်ရှိသူများမှ သိရသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA အခန်း(၃) အပိုဒ် (၈) အပိုဒ်ခွဲ(ခ) ပါပြဌာန်းချက်အရ “တစ်ဖက်နှင့်တစ်ဖက်နယ်မြေအတွင်း လက်နက်နှင့်သွားလာပါက ညှိနှိုင်း၍ သဘောတူညီချက်ဖြင့် သွားလာပါရန်”ဖော်ပြထားပြီး ခွင့်ပြုချက်မရခင်အချိန်တိုလေးအတွင်း တပ်မတော်မှအင်အားသုံးဝင်ရောက်လာခြင်းသည် NCA စာချုပ်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီအား တပ်တည်ဧရိယာ ၁၈ နေရာထက်မနည်း အစိုးရနှင့်တပ်မတော်က သဘောတူခွင့်ပြုထားခဲ့ကြာင်း မွန်ပြည်သစ်ပါတီက ပြောကြားခဲ့သည်။
<<Zawgyi>>
တပ်မတော်စစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ဂျပန်ရေတွင်းတပ်စခန်းမှ ပြန်လည်ထွက်ခွာ၍ ကိုက် ၃၀၀ ခန့်အကွာ ဟင်္သာတိုင်ဂိတ်စခန်းတွင် ဆက်လက်အခြေပြုထိန်းချုပ်ထား
Wednesday, December 4 , 2019

လတ်တလောတွင် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့အင်အား ၁၀၀ ကျော် တစ်ပတ်ကြာခန့်ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် ယမန်နေ့ညပိုင်းအချိန်တွင် မွန်ပြည်သစ်တပ်စခန်းမှ တပ်မတော်စစ်ကြောင်းထွက်ခွာပြီး ကိုက် ၃၀၀ ခန့်အကွာရှိ ဟင်္သာတိုင်ဂိတ်စခန်းတွင် ဆက်လက်အခြေပြုလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် BGF တပ်ဖွဲ့တို့သည် ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာမှ လုံးဝထွက်ခွာသွားခြင်းမဟုတ်ဘဲ ၎င်းတို့ဝင်ရောက်ထိန်းချုပ်နေရာဝင်ယူခဲ့သော မွန်တပ်စခန်းမှထွက်ခွာခြင်းသာဖြစ်ပြီး အဓိကကျသည့် ဘုရားသုံးဆူ-ဂျပန်ရေတွင်း-ကြံတောရွာ လမ်း ၃ ခွဆုံချက် ဟင်္သာတိုင်ဂိတ်စခန်းနေရာတစ်ဝိုက်နှင့် ကျောက်ထုတ်လုပ်စခန်း(မောင်ဖြူ) ၌ ဆက်လက်အခြေပြုထားကြောင်း မွန်ပြည်သစ်တာဝန်ရှိသူများမှ သိရသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA အခန်း(၃) အပိုဒ် (၈) အပိုဒ်ခွဲ(ခ) ပါပြဌာန်းချက်အရ “တစ်ဖက်နှင့်တစ်ဖက်နယ်မြေအတွင်း လက်နက်နှင့်သွားလာပါက ညှိနှိုင်း၍ သဘောတူညီချက်ဖြင့် သွားလာပါရန်”ဖော်ပြထားပြီး ခွင့်ပြုချက်မရခင်အချိန်တိုလေးအတွင်း တပ်မတော်မှအင်အားသုံးဝင်ရောက်လာခြင်းသည် NCA စာချုပ်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီအား တပ်တည်ဧရိယာ ၁၈ နေရာထက်မနည်း အစိုးရနှင့်တပ်မတော်က သဘောတူခွင့်ပြုထားခဲ့ကြာင်း မွန်ပြည်သစ်ပါတီက ပြောကြားခဲ့သည်။

0 comments:

Post a Comment