ရုရှားနဲ့ ဂျပန်ရေတပ်တို့ပူးပေါင်းပြီး ပင်လယ်ဓားပြတိုက်ဖျက်ရေး နှစ်နိုင်ငံ ရေကြောင်းပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းကို အေဒင်ပင်လယ်ကွေ့ထဲမှာ သက္ကရာဇ် ၂၀၂၀ ၊ ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရုရှားရေတပ်၊ ဘော်လ်တစ်ရေယာဉ်စုက စစ်သင်္ဘောတွေ ပါဝင်သွားမှာဖြစ်ပါတယ်။ ဘော်လ်စစ်ရေယာဉ်စု စစ်သင်္ဘောတွေအနေနဲ့ အခြားသောနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့လည်း ရေကြောင်းပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။
ရုရှားရေတပ်ဘက်က Yaroslav Mudry ဖရီဂိတ်၊ Viktor Konetsky ပင်လယ်ပြင်သွားတွဲဆွဲရေယာဉ်နဲ့ Yelnya လောင်စာဆီတင်ရေယာဉ်ကြီးတို့ ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ ရုရှားစစ်သင်္ဘော ၃ စီးဟာ အေဒင်ပင်လယ်ကွေ့ထဲမှာ ပင်လယ်ကူးသင်္ဘောကြီးတွေကို အစောင့်လိုက်တာဝန် ထမ်းဆောင်နေပါတယ်။

<zawgyi>
ရုရှား-ဂျပန် ရေကြောင်းပူးပေါင်းစစ်ရေး ယခုလအတွင်း ဆောင်ရွက်မယ်
Tuesday , January 14 , 2020
ရုရှားနဲ့ ဂျပန်ရေတပ်တို့ပူးပေါင်းပြီး ပင်လယ်ဓားပြတိုက်ဖျက်ရေး နှစ်နိုင်ငံ ရေကြောင်းပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းကို အေဒင်ပင်လယ်ကွေ့ထဲမှာ သက္ကရာဇ် ၂၀၂၀ ၊ ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရုရှားရေတပ်၊ ဘော်လ်တစ်ရေယာဉ်စုက စစ်သင်္ဘောတွေ ပါဝင်သွားမှာဖြစ်ပါတယ်။ ဘော်လ်စစ်ရေယာဉ်စု စစ်သင်္ဘောတွေအနေနဲ့ အခြားသောနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့လည်း ရေကြောင်းပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။
ရုရှားရေတပ်ဘက်က Yaroslav Mudry ဖရီဂိတ်၊ Viktor Konetsky ပင်လယ်ပြင်သွားတွဲဆွဲရေယာဉ်နဲ့ Yelnya လောင်စာဆီတင်ရေယာဉ်ကြီးတို့ ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ ရုရှားစစ်သင်္ဘော ၃ စီးဟာ အေဒင်ပင်လယ်ကွေ့ထဲမှာ ပင်လယ်ကူးသင်္ဘောကြီးတွေကို အစောင့်လိုက်တာဝန် ထမ်းဆောင်နေပါတယ်။
Source- urdupoint.com #Myanmar_Online_News #ပင်လယ်ရေကြောင်း

0 comments:
Post a Comment