Tuesday, January 28, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၁၃၂ ဦး မြင့်တက်လာပြီး ကူးစက်ခံရသူလူနာ ၆၀၅၂ ဦး အထိ မြင့်တက်လာနေ

Image may contain: one or more peopleImage may contain: one or more people, people sitting and indoor

ဇန်နဝါရီလ ၂၉ ရက်အစောပိုင်းအထိ တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာနေပြီး ကူးစက်ခံရသူအရေအတွက်မှာလည်းလူနာ ၆၀၅၂ ဦး ရှိလာကြောင်း တရုတ်South China Morning Post သတင်းဌာနက သတင်းဖော်ပြသည်။

ကမ္ဘာတဝှမ်းတွင်လူပေါင်း ၆၀၀ ကျော်သေဆုံးခဲ့သည့် ၂၀၀၂-၂၀၀၃ တွင်ဖြစ်ပွားခဲ့သည့်ကူးစက်ရောဂါဖြစ်ပွားသည့် Sarsရောဂါပိုး ထက်ကျော်လွန်သောပမာဏဖြစ်လာနေပြီး Sars ရောဂါပိုးသည် လူဦးရေ ၅၃၂၇ ဦး ကူးစက်ခဲ့ကာ လူဦးရေ ၃၄၉ ဦး သေဆုံးစေခဲ့ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် ယမန်နေ့က စာရင်းဖြစ်သော သေဆုံးသူ ၁၀၆ ဦး ၊ ကူးစက်ရောဂါပိုး ခံစားရသူ ၄၆၀၀ ထက်ပိုမို၍ အရေအတွက် ခုန်တက်လာခြင်း မြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။
အင်္ဂါနေ့အထိ နောက်ဆုံးရထားတဲ့ သတင်းတွေအရဆိုရင် Coronavirus ပိုး ကူးစက်ခံထားရသူ အရေအတွက်ဟာ တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပြီး တခြားနိုင်ငံနဲ့ဒေသပေါင်း ၁၇ ခုမှာလည်း ရောဂါပိုး ကူးစက်ခံထားရသူများကိုတွေ့ထားကာ ဆေးကုသမှုများ ပေးလျက်ရှိသည်။
တရုတ်ပိုင်နယ်မြေတွေဖြစ်တဲ့ မက္ကာအိုမှာ ခုနစ်ယောက်၊ ဟောင်ကောင်မှာ ၈ ယောက် ရောဂါပိုး ကူးစက်ခံထားရသည်။
အာရှ-ပစိဖိတ်ဒေသမှာတော့ သြစတြေးလျမှာ ၅ ယောက်၊ ကမ္ဘောဒီးယားမှာ ပထမဆုံးဖြစ်ရပ်အဖြစ် တနင်္လာနေ့ကတွေ့ထားတဲ့ ၁ ယောက်၊ ဂျပန်မှာ ၇ ယောက်၊ မလေးရှားမှာ ၄ ယောက်၊ စင်္ကာပူမှာ ၇ ယောက်၊ တောင်ကိုရီးယားမှာ ၄ ယောက်၊ သီရိလင်္ကာ မှာ ပထမဆုံးတယောက်၊ တိုင်ဝမ်မှာ ၇ ယောက်၊ ထိုင်းမှာ ၁၄ ယောက်၊ ဗီယက်နမ်မှာ ၂ ယောက်နဲ့ နီပေါလ်မှာ ၁ ယောက် အသီး သီး ကူးစက်ခံထားရပါတယ်။ နီပေါလ်က ရောဂါပိုးကူးစက်ခံရသူကတော့ သီးခြားခွဲ ကုသမှုခံယူပြီးတဲ့နောက် ဆေးရုံက ဆင်းသွား ပါပြီ။
ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုး ကြောင့် ဆုံးမှုနှုန်းသည်ဆက်လက်မြင့်တက်နေပြီးသေဆုံးမှုပိုမိုများပြားနိုင်ပြီး သေဆုံးသွားသောလူနာအများစုမှာအသက် ၆၀ ကျော်သူများနှင့် ရောဂါအခံရှိသူများဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို လေ့လာရန် WHO မှ ကျွမ်းကျင်သူများ စေလွှတ်မည်ဖြစ်သည့်အပြင် အမေရိကန်ကလည်း ကျန်းမာရေးအဖွဲ့စေလွှတ်ရန် တရုတ်အစိုးရထံ ကမ်းလှမ်းထားကြောင်း သိရှိရသည်။
လက်ရှိတွင် ဝူဟန်ကေ်ရိုနာဗိုင်းရပ်စ်ပိုးသည် လေထဲမှ ပျံ့နှံ့ခြင်းအပြင် ပိုးစက်ခံထားရသူကိုထိတွေ့ခြင်းနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
Source : VOA
>>Zawgyi<<
ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၁၃၂ ဦး မြင့်တက်လာပြီး ကူးစက်ခံရသူလူနာ ၆၀၅၂ ဦး အထိ မြင့်တက်လာနေ
Wednesday ,January 29 , 2020

0 comments:

Post a Comment