Tuesday, January 28, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟု သံသယရှိလူနာ ၆ ဦး အိန္ဒိယနိုင်ငံတွင် တွေ့ရှိ

Image may contain: 4 people, people sittingImage may contain: 3 people, people standing and outdoor
တရုတ်နိုင်ငံတွင် ဆေးကျောင်းတက်ပြီး ပြန်လာသည့် ရာဂျက်စ်သန်ပြည်နယ်က ကျောင်းသားတယောက်ကို ရောဂါကူးစက်မှု သံသယရှိသူအဖြစ် အစီရင်ခံထားတယ်လို့ ဒေသခံ မီဒီယာက ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဆေးရုံတွေနဲ့ လေဆိပ်တွေမှာ ကူးစက်မြန် ပြင်းထန် အဆုတ်ရောင် နမိုးနီးယားဗိုင်းရပ်စ်အသစ် ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးဟန့်တားတာတွေကို အာဏာပိုင်တွေက တိုးမြှင့် လုပ်ဆောင်နေပါတယ်။

ကဲရာလာပြည်နယ်၊ ဘူဘန်နဲ့စ်ဝါမြို့က အစိုးရ ဆေးရုံမှာ ကူးစက်မှု သံသယလူနာ ၅ ယောက် တွေ့ထားလို့ အထူးဆောင်မှာ သီးခြားခွဲထားပြီး စစ်ဆေးစောင့်ကြည့်နေတယ်လို့ ဆေးရုံဝန်ထမ်းတယောက်က ပြောပါတယ်။ ဒီပြည်နယ်မှာပဲ ကူးစက်မှု သံသယရှိသူ အယောက် ၄၃၁ ယောက်ကို သူတို့အိမ်တွေမှာပဲ စောင့်ကြည့် စစ်ဆေးနေတယ်လို့ ဒေသခံ NDTV သတင်းဌာနက အစီရင်ခံပါတယ်။
မဟာရတ်ရှ်ထျာပြည်နယ်မှာ ကူးစက်ခံ သံသယရှိသူ ၆ ယောက်ကို ဆေးရုံမှာ စောင့်ကြည့် ကုသပေးနေတယ်လို့ ဒေသခံမီဒီယာ ဒက်ကန်ဟားရဲဒ်သတင်းဌာနက အစီရင်ခံပါတယ်။
ဇန်နဝါရီ ၁ ရက်ကစပြီး တရုတ်နိုင်ငံဆီ ခရီးသွားဖူးပြီး ဖျားနာ ချောင်းဆိုးနဲ့ အသက်ရှူခက်တဲ့ ဝေဒနာရှိတဲ့ လူတိုင်း အနီးဆုံး ဆေးရုံကို သွားရောက် သတင်းပို့ဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံကနေ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ရောက်လာတဲ့ လေကြောင်းခရီးစဉ်က ခရီးသည်အားလုံး ကျန်းမာရေး စစ်မေးတဲ့ ကတ်ကို ဖြေဆို ဖြည့်သွင်းဖို့ အရပ်ဘက် လေကြောင်းဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။
Source : DVB #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟု သံသယရှိလူနာ ၆ ဦး အိန္ဒိယနိုင်ငံတွင် တွေ့ရှိ
Wednesday ,January 29 , 2020

0 comments:

Post a Comment