Tuesday, January 28, 2020

နိုင်ငံတချို့မှ ဝူဟန်မြို့ရောက် ၎င်းတို့နိုင်ငံသားများကို ပြန်ခေါ်နိုင်ရေး စတင်စီစဉ်

Image may contain: 1 person, standing and indoor

တကမ္ဘာလုံးကို ပြန့်နှံ့လာနေတဲ့ Coranavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက လေယာဉ်တွေ စေလွှတ်နေကြပါတယ်။ ဒီရောဂါကြောင့်တရုတ်မှာ သေဆုံးသူ ၁၀၆ ဦးထက်မနည်း ရှိသွားပါပြီ။

ဝူဟန်မှာရှိနေတဲ့ ဂျပန်နိုင်ငံသား ၆၅၀ ဝန်းကျင်ထဲက ၂၀၀ ကို အင်္ဂါနေ့ပဲ ဂျပန်ကလေယာဉ်လွှတ်ပြီး ပြန်ခေါ်ခဲ့သလို အမေရိကန်ကတော့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဒီသီတင်းပတ်အတွင်း ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။ ပြင်သစ်နဲ့ အခြားနိုင်ငံတွေကလည်း ဝူဟန်မြို့ကနေ သူတို့နိုင်ငံသားတွေပြန်ခေါ်မယ့် အစီအစဉ်တွေကို အသီးသီးကြေညာခဲ့ကြပါတယ်။ ဒီရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၂၅ ဦးရှိကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။
No photo description available.
>>Zawgyi<<
နိုင်ငံတချို့မှ ဝူဟန်မြို့ရောက် ၎င်းတို့နိုင်ငံသားများကို ပြန်ခေါ်နိုင်ရေး စတင်စီစဉ်
Tuesday , January 28 , 2019

တကမ္ဘာလုံးကို ပြန့်နှံ့လာနေတဲ့ Coranavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက လေယာဉ်တွေ စေလွှတ်နေကြပါတယ်။ ဒီရောဂါကြောင့်တရုတ်မှာ သေဆုံးသူ ၁၀၆ ဦးထက်မနည်း ရှိသွားပါပြီ။
ဝူဟန်မှာရှိနေတဲ့ ဂျပန်နိုင်ငံသား ၆၅၀ ဝန်းကျင်ထဲက ၂၀၀ ကို အင်္ဂါနေ့ပဲ ဂျပန်ကလေယာဉ်လွှတ်ပြီး ပြန်ခေါ်ခဲ့သလို အမေရိကန်ကတော့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဒီသီတင်းပတ်အတွင်း ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။ ပြင်သစ်နဲ့ အခြားနိုင်ငံတွေကလည်း ဝူဟန်မြို့ကနေ သူတို့နိုင်ငံသားတွေပြန်ခေါ်မယ့် အစီအစဉ်တွေကို အသီးသီးကြေညာခဲ့ကြပါတယ်။ ဒီရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၂၅ ဦးရှိကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။
Ref : VOA #Myanmar_Online_News

0 comments:

Post a Comment