Tuesday, January 28, 2020

ရန်ကုန်မြို့တွင် လူထောင်ချီဝတ်ပြုနိင်သည့် ဗလီအသစ်များ ဆောက်ခွင့်ပေးရန် ဆန္ဒရှိဟု သာသနာရေးဝန်ကြီးပြော

Image may contain: 2 people, people standing and outdoor
အစ္စလာမ်ဘာသာဝင်များအတွက် ပိတ်ပင်ခံထားရသည့် ဗလီဝတ်ကျောင်းတော်များကို ပြန်လည်ဖွင့်လှစ်ပေးလိုစိတ်ရှိသည့်အပြင် တောင်ဒဂုံနှင့် မြောက်ဒဂုံကဲ့သို့ နေရာမျိုးတွင် လူရာထောင်ချီဝတ်ပြုနိင်သည့် ဗလီဝတ်ကျောင်းတော်မျိုးဆောက်လုပ်ခွင့်ပေးနိင်ရေး ဆန္ဒရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၂၆)ရက်နေ့က ရန်ကုန်မြို့ City Hotel Yangon တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့၏ ဦးစီးကိုယ်စားလှယ်များ စုံညီအစည်းအဝေးတွင် ဝန်ကြီး သူရဦးအောင်ကိုမှ ယခုလို ပြောကြာလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်ခေါင်းထဲမှာ အမြဲတမ်းရှိခဲ့ပါတယ်၊ တောင်ဒဂုံ/မြောက်ဒဂုံလို နေရာမျိုးမှာ မြေဧကကျယ်ဝန်းပေး၊ အစ္စလမ်ဝတ်ပြုကျောင်းကြီး ခန့်ခန့်ညားညားနဲ့ လူ ရာ/ထောင်ချီ ဝတ်ပြုနိုင်အောင် လုပ်ပေးရန်မကောင်းဘူးလား၊ အဲဒီအတွေး ကျွန်တော့်မှာ အမြဲတမ်း ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာ အမြဲတမ်းရှိပါတယ်။” ဟု သူရဦးအောင်ကိုက ဆိုသည်။ တစ်ဆက်တည်းမှာပင် ထိုသို့ဆောက်ခွင့်ပြုလိုက်ပါက ကြေးစားတွေ၊ တစ်ရက် ငါးထောင်တန်တွေ ရောက်လာပြီး ဒို့အရေး ဒို့အရေး လုပ်အုံးမှာ ဖြစ်တယ်ဟု ဦးအောင်ကိုက ဆက်လက်ပြောဆိုခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်အတွင်းကလည်း ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို မြန်ဆန်လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ စီမံမှုဖြင့် ဆောင်ရွက်ရန် ၎င်းကိုယ်တိုင် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ကြောင်း ဝန်ကြီး သူရဦးအောင်ကိုက အခမ်းအနားတက်ရောက်လာသော အစ္စလမ်ဘာသာဝင်များကို ပြောဆိုခဲ့သည်။

ယခုကျင်းပသည့် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ (မ-မ-လ ဌာနချုပ်)၏ ပြည်နယ်နှင့်တိုင်းဒေသကြီးမြား၏ ဦးစီးကိုယျစားလှယျမြား စုံညီအစညျးအဝေးညီလာခံသညျ ပဉ်စမအကွိမျမွောကျ ညီလာခံဖွစျပွီး အဆိုပါ အခမျးအနားတှငျ မ-မ-လ ဌာနခြုပျဥက်ကဋ်ဌ အလျဟာဂြျ ဦးမွငျ့ထှနျးက အဖှငျ့အမှာ စကားပွောကွားခဲ့ကာ ဝနျကွီးဦးအောငျကိုမှ ဂုဏျပွုအမှာစကားပွောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။


<zawgyi>

အစ္စလာမ်ဘာသာဝင်များအတွက် ပိတ်ပင်ခံထားရသည့် ဗလီဝတ်ကျောင်းတော်များကို ပြန်လည်ဖွင့်လှစ်ပေးလိုစိတ်ရှိသည့်အပြင် တောင်ဒဂုံနှင့် မြောက်ဒဂုံကဲ့သို့ နေရာမျိုးတွင် လူရာထောင်ချီဝတ်ပြုနိင်သည့် ဗလီဝတ်ကျောင်းတော်မျိုးဆောက်လုပ်ခွင့်ပေးနိင်ရေး ဆန္ဒရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၂၆)ရက်နေ့က ရန်ကုန်မြို့ City Hotel Yangon တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့၏ ဦးစီးကိုယ်စားလှယ်များ စုံညီအစည်းအဝေးတွင် ဝန်ကြီး သူရဦးအောင်ကိုမှ ယခုလို ပြောကြာလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်ခေါင်းထဲမှာ အမြဲတမ်းရှိခဲ့ပါတယ်၊ တောင်ဒဂုံ/မြောက်ဒဂုံလို နေရာမျိုးမှာ မြေဧကကျယ်ဝန်းပေး၊ အစ္စလမ်ဝတ်ပြုကျောင်းကြီး ခန့်ခန့်ညားညားနဲ့ လူ ရာ/ထောင်ချီ ဝတ်ပြုနိုင်အောင် လုပ်ပေးရန်မကောင်းဘူးလား၊ အဲဒီအတွေး ကျွန်တော့်မှာ အမြဲတမ်း ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာ အမြဲတမ်းရှိပါတယ်။” ဟု သူရဦးအောင်ကိုက ဆိုသည်။ တစ်ဆက်တည်းမှာပင် ထိုသို့ဆောက်ခွင့်ပြုလိုက်ပါက ကြေးစားတွေ၊ တစ်ရက် ငါးထောင်တန်တွေ ရောက်လာပြီး ဒို့အရေး ဒို့အရေး လုပ်အုံးမှာ ဖြစ်တယ်ဟု ဦးအောင်ကိုက ဆက်လက်ပြောဆိုခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်အတွင်းကလည်း ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို မြန်ဆန်လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ စီမံမှုဖြင့် ဆောင်ရွက်ရန် ၎င်းကိုယ်တိုင် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ကြောင်း ဝန်ကြီး သူရဦးအောင်ကိုက အခမ်းအနားတက်ရောက်လာသော အစ္စလမ်ဘာသာဝင်များကို ပြောဆိုခဲ့သည်။

ယခုကျင်းပသည့် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ (မ-မ-လ ဌာနချုပ်)၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ဦးစီးကိုယ်စားလှယ်များ စုံညီအစည်းအဝေးညီလာခံသည် ပ ဉ္စမအကြိမ်မြောက် ညီလာခံဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် မ-မ-လ ဌာနချုပ်ဥက္ကဋ္ဌ အလ်ဟာဂျ် ဦးမြင့်ထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့ကာ ဝန်ကြီးဦးအောင်ကိုမှ ဂုဏ်ပြုအမှာစကားပြောဆိုခဲ့ေကြာင်း သတင်းရရှိပါသည်။

#Religious #ThuraUAungKo #MORAC

0 comments:

Post a Comment