Tuesday, January 28, 2020

စ သုံးလုံးမှ ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုအား ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆို

No photo description available.No photo description available.
ငွေကြေးလိမ်လည်မှုဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့်ဖမ်းဆီးပြီး မြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားကြောင်း အမှုကိုစစ်ဆေးနေသည့် တရားရုံးများထံမှ သိရသည်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့် တရားစွဲဆိုထားသည့် မြို့နယ်များမှာ ရန်ကင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာနှင့် စမ်းချောင်းမြို့နယ်များတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး တရားစွဲဆိုခံရသည့် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှာ“WA” ကုမ္ပဏီနှင့် “ယုန်မင်း” ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများဖြစ်သည်။
တရားလိုများမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိအဆင့်ရှိသူများက အမှုများဖွင့်ထားခြင်းဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မမှာ ရာဇသတ်ကြီးပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှာ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြို့နယ်များရှိ မြေကွက်များပေါ်တွင် တိုက်ခန်းများနှင့် ကွန်ဒိုများဆောက်လုပ်မည်ဆိုကာ ပရောဂျက်များ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းပရောဂျက် ၂၇ ခုအထိ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ငွေကြေးလိမ်လည်ခံရသူများက ပြောကြားသည်။
ဇန်နဝါရီ ၂၈ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၌ တရားစွဲဆိုခံထားရသည့် အဆိုပါဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုမှ တာဝန်ရှိသူများဖြစ်သည့် ဒေါ်တင်မိုးထွန်း၊ ဦးရှင်းသန့်ဇော်ဇော်အစရှိသူတို့အား ရုံးထုတ်ခဲ့သည်။ရုံးချိန်းတွင် တောင်ဥက္ကလာပမြို့နယ် တရားသူကြီးက အမှုအားစစ်ဆေးခြင်းမရှိသေးဘဲ ဖေဖော်ဝါရီ ၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်ကို တွေ့ရသည်။
ရန်ကင်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့်အမှုမှာ ဇန်နဝါရီလလယ်ပိုင်းက ရုံးချိန်းခေါ်ယူခဲ့ပြီး YW ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သည့် ဦးဝင်းမောင်မောင်စိုး၊ ဦးရှင်းသန့်ဇော်ဇော်နှင့် ဒေါ်ခင်စန္ဒာလင်းတို့အား ရုံးထုတ်ခဲ့သည်။
တိုက်ခန်းများ ဆောက်လုပ်မည်ပေးမည်ဟုဆိုကာ မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ပေးခြင်း မရှိသည့်အပြင် တိုက်ခန်းများကို ကြိုပွိုင့်ရောင်းချခဲ့ရာမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးကာ တရားလိုအဖြစ် အမှုဖွင့်ထားခြင်းဖြစ်သည်။
“အမှုကတော့ ၂၀၂၀ ပြည့်နှစ်ရာဇဝတ်မှုကြီး အမှုအမှတ် ၁၀ ဖြစ်ပါတယ်။ တရားလိုကတော့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်ဦးဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေကတော့ ဦးဝင်းမောင်မောင်စိုး၊ ဦးရှင်းသန့်ဇော်ဇော်နှင့် ဒေါ်ခင်စန္ဒာလင်းတို့ဖြစ်ပါတယ်။ စွဲဆိုထားတဲ့ပုဒ်မကတော့ ရာဇသတ်ကြီးပုဒ်မ ၄၀၉/ ၁၀၉ အရ စွဲဆိုထားတာဖြစ်ပါတယ်။ စွဲဆိုတဲ့အကြောင်းအရာကတော့ အဆောက်အဦဆောက်လုပ်ဖို့အတွက် အပ်နှံထားတဲ့တိုက်ခန်းတွေကို ကြိုပွိုင့်ရောင်းချပြီးတော့ အဆောက်အဦကိုလည်း ဆောက်လုပ်ခြင်းမရှိတဲ့အပြင် တိုက်ခန်းဖိုးငွေတွေကိုလည်း အလွဲသုံးစားပြုလုပ်ခဲ့တဲ့အတွက် အရေးယူပေးရန် တိုင်တန်းထားသောအမှုဖြစ်ပါတယ်။ ၂၂၈၉ ဒသမ ၂၀၀၀၀၀ နစ်နာငွေက ကျပ်သိန်းပေါင်း ၂၂၈၉ ဒသမ ၂ သိန်းလို့ တိုင်စာမှာဖော်ပြထားပါတယ်။ တိုက်ခန်းဝယ်သူခြောက်ဦးက နစ်နာသူအနေနဲ့ ရှိနေပါတယ်။ အမှုဟာ အာမခံမပေးနိုင်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် တရားခံတွေကို ယနေ့အချိန်အထိ အာမခံပေးခွင့်ပြုထားခြင်းမရှိပါဘူး” ဟု ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက ဆိုသည်။
ရန်ကင်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် အမှုမှာလက်ရှိတွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ထားပြီး အမှုကို ရှုပ်ထွေးသောအမှုအဖြစ် သတ်မှတ်ကာ ရက်ပေါင်း ၂၇၀ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ ၄ ရက်ကို ပြန်လည်ချိန်းဆိုပေးထားပြီး ယင်းနေ့တွင် အပြီးသတ်ကြိုတင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားသူကြီး၏ ပြောကြားချက်အရ သိရသည်။
အလိမ်ခံရသူများမှာ မြေရှင်များနှင့် တိုက်ခန်းကိုကြိုပွိုင့်ဝယ်ယူသူများဖြစ်သည်။ မြေရှင်များမှာ မိမိမြေပေါ်တွင် တိုက်ခန်းဆောက်လုပ်ရန် ယင်းကုမ္ပဏီနှစ်ခုဖြင့် ချိတ်ဆက်ခဲ့ပြီး ရရှိလာမည့် တိုက်ခန်းများကို တစ်ဝက်စနစ်ဖြင့် လည်းကောင်း၊ မြေညီထပ်အား မြေရှင်အားပေးကာ ပထမထပ်၊ ဒုတိယထပ်များကို ကုမ္ပဏီမှ ရယူခြင်းဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် အချိန်ကြာညောင်းလာသော်လည်း တိုက်ခန်းများကိုဆောက်လုပ်ခြင်းမရှိသဖြင့် မြေရှင်များ အခက်တွေ့ခဲ့ရသည်။
“တချို့က အိမ်ကိုဖျက်ထားတဲ့သူတွေ၊ တချို့က မဖျက်ရသေးဘူးပေါ့။ အဲဒါတွေဖြစ်ကုန်တယ်။ အဆောက်အအုံကတော့ မဆောက်ရသေးဘူး” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အလိမ်ခံရသည့် မြေရှင်တစ်ဦးက ပြောကြားသည်။
မြေရှင်နှင့် သဘောတူထားပြီးဖြစ်သည့် မြေကွက်များကိုပရောဂျက်များ သတ်မှတ်ကာ တိုက်ခန်းများကို ကြိုတင်ရောင်းချခဲ့ပြီး ယင်းကြိုပွိုင့်တိုက်ခန်းများကို ဝယ်ယူထားသူများမှာ တစ်ခန်းလျှင် အနည်းဆုံး နှစ်ဦးခန့်ရှိကြောင်း တိုက်ခန်းကြိုပွိုင့်ဝယ်ယူထားသူများက ပြောကြားသည်။
ကြိုပွိုင့်ဝယ်ယူထားသူများမှာ တစ်ဦးလျှင် အနည်းဆုံးကျပ်သိန်း ၃၀၀ ခန့်ပေး သွင်းထားသူများရှိပြီး ကျပ်သိန်း ၅၀၀ ကျော်အထိ ပေးသွင်းထားသူများလည်းရှိကြောင်း ကြိုပွိုင့်ဝယ်ယူထားသူများက ပြောကြားသည်။
ကြော်ငြာထားတဲ့ပုံစံအရ မီနီကွန်ဒိုတွေလည်းပါတယ်။ အဆင့်မြင့်တိုက်ခန်းတွေလည်း ပါတယ်။ ကိုယ့်ဝင်ငွေနဲ့ဆို တလုံးတခဲတည်းဝယ်ဖို့ ဘယ်လိုမှမတတ်နိုင်ဘူး။ အဲဒါကြောင့် ကြိုပွိုင့်ကိုအရစ်ကျစနစ်နဲ့ ဝယ်မိတာ။ အစ်မကသိန်း ၃၀၀ လောက်သွင်းပြီး သွားပြီ။ ပြန်ရခဲ့တာက ၁၀ သိန်းပဲရှိတယ်” ဟု တောင်ဥက္ကလာပမြို့နယ်မှ မချောစုက ပြောကြားသည်။
ယင်းကုမ္ပဏီနှစ်ခုမှ ဖော်ဆောင်မည်ဆိုသည့် ပရောဂျက်များမှာတောင်ဥက္ကလာ၊ လှိုင်၊ ရန်ကင်း၊ စမ်းချောင်း မြို့နယ်များတွင်ဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်တွင် ပရောဂျက် ၁၆ ခုရှိသည်။ ယင်းပရောဂျက်တန်ဖိုးများမှာ ကျပ်သိန်းပေါင်းသောင်းနှင့်ချီရှိနိုင်ပြီး ပရောဂျက်အနည်းငယ်ကိုသာ အကောင်အထည်ဖော်ထားကာ အများစုမှာအကောင် အထည်ဖော်ခြင်းမရှိသေးပေ။
“တချို့နေရာတွေမှာ Apartment ဆိုပြီး ပြောရောင်းတာ။ ကိုယ့်နေရာကိုဒီနေ့ စာချုပ်ချုပ်ပြီးပြီဆိုရင် သိပ်မကြာဘူး။ ဒီဇိုင်းပုံတွေနဲ့ သူတို့ Facebook မှာ ကြော်ငြာပြီ။ ပြီးရင် အခန်းတွေက ရောင်းထားပြီးပြီ။ တစ်ခန်းထဲကိုလူ နှစ်ယောက်လောက်ကို ရောင်းထားတာ” ဟု စမ်းချောင်းမြို့နယ်မှ မြေရှင်တစ်ဦးက ပြောကြားသည်။
>>Zawgyi<<
စ သုံးလုံးမှ ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုအား ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆို
Wednesday ,January 29 , 2020

Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment