Tuesday, January 28, 2020

သြစတြေးလျနိုင်ငံသိပ္ပံပညာရှင်များမှ ကိုရိုနာဗိုင်းရပ်စ် ကို ပထမဆုံးအကြိမ် စမ်းသပ် ဖန်တီးနိုင်ခဲ့ကြောင်းထုတ်ပြန်

Image may contain: 1 personImage may contain: one or more people and people standing
သြစတြေးလျသိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကို ပထမဆုံးအကြိမ် ပုံတူပွား ဖန်တီးနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။ မယ်ဘုန်းမြို့ရှိ ပီတာဒူဟာတီ ရောဂါကူးစက်မှုနဲ့ ခုခံအားဆိုင်ရာ ဌာနရဲ့သုတေသီတွေက ပုံတူပွား ဖန်တီးနိုင်ခဲ့တာပါ။

ဒီလို ဗိုင်းရပ်စ်ပုံတူပွားဖန်တီး နိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်ကို တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေ နိုင်တယ်လို့ ပြောပါတယ်။ သုတေသီတွေက ဗိုင်းရပ်စ်နမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြားဓာတ်ခွဲခန်းတွေကို မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။
တရုတ်ဓာတ်ခွဲခန်းတစ်ခုကတော့ ဗိုင်းရပ်ကို အောင်မြင်စွာ ကြီးထွားလာအောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ မျိုးဗီဇအစီအစဉ်ကိုသာ ထုတ်ပြန်နိုင်ပြီး ဗိုင်းရပ်နမူနာကိုတော့ ပုံတူပွား ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ တရုတ်နိုင်ငံ တစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်ကြောင့် လူ(၁၀၀)ကျော် သေဆုံးပြီး (၆၀၀၀)နီးပါး ကူးစက်ခံနေရတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
No photo description available.
Image may contain: one or more people, people sitting, screen, office, laptop and indoor
Image may contain: 1 person
Image may contain: text
No photo description available.
Image may contain: text that says 'PETER DOHERTY INSTITUTE FOR INFECTION AND IMMUNITY'
>>Zawgyi<<
သြစတြေးလျနိုင်ငံသိပ္ပံပညာရှင်များမှ ကိုရိုနာဗိုင်းရပ်စ် ကို ပထမဆုံးအကြိမ် စမ်းသပ် ဖန်တီးနိုင်ခဲ့ကြောင်းထုတ်ပြန်
Wednesday ,January 29 , 2020
သြစတြေးလျသိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကို ပထမဆုံးအကြိမ် ပုံတူပွား ဖန်တီးနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။ မယ်ဘုန်းမြို့ရှိ ပီတာဒူဟာတီ ရောဂါကူးစက်မှုနဲ့ ခုခံအားဆိုင်ရာ ဌာနရဲ့သုတေသီတွေက ပုံတူပွား ဖန်တီးနိုင်ခဲ့တာပါ။

ဒီလို ဗိုင်းရပ်စ်ပုံတူပွားဖန်တီး နိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်ကို တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေ နိုင်တယ်လို့ ပြောပါတယ်။ သုတေသီတွေက ဗိုင်းရပ်စ်နမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြားဓာတ်ခွဲခန်းတွေကို မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။
တရုတ်ဓာတ်ခွဲခန်းတစ်ခုကတော့ ဗိုင်းရပ်ကို အောင်မြင်စွာ ကြီးထွားလာအောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ မျိုးဗီဇအစီအစဉ်ကိုသာ ထုတ်ပြန်နိုင်ပြီး ဗိုင်းရပ်နမူနာကိုတော့ ပုံတူပွား ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ တရုတ်နိုင်ငံ တစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်ကြောင့် လူ(၁၀၀)ကျော် သေဆုံးပြီး (၆၀၀၀)နီးပါး ကူးစက်ခံနေရတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
Source-CNA #Myanmar_Online_News

0 comments:

Post a Comment