Tuesday, January 28, 2020

မန္တလေးတိုင်းဒေသကြီးအတွင်း 2019 Novel Corona virus (2019 nCoV)ဖြစ်ပွားပြန့်နှံ့မှုထိန်းကွပ်နိုင်ရေး ကျန်းမာရေးဌာနများကို အကူအညီပေးနိုင်ရေး စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ Survellance and Respond Team SRT ဖွဲ့ စည်း

No photo description available.No photo description available.

ဝူဟန်မြို့တွင် 2019 nCoV ရောဂါ ဖြစ်ပွားကြောင်း ၄ ရက်နေ့ကသတင်းရပြီးပြီးချင်း ၅ရက်နေ့မှာ ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ချုပ်၊ တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဒုချုပ်အဖွဲ့ လေယာဥ်ကွင်းကတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များချက်ချင်းဆောင်ရွက်ခဲ့ပါတယ်။

ပြည်ပဆိုက်ရောက်ခရီးသည်တွေများလို့ ကိုယ်အပူချိန်စစ်ဆေးစက် Infrared Thermoscan ဒုတိယတစ်ခုကိုပါ ၇ရက်နေ့ကထပ်မံတပ်ဆင်လိုက်ပါတယ်။
ကျန်းမာရေးစစ်ဆေးဖို့ ဆရာဝန် ၂ဦးနဲ့ လက်ထောက်ကျန်းမာရေးမှူး ၁ဦးပါဝင်တဲ့အဖွဲ့ ကို ၂၄နာရီတာဝန်ချထားပြီး သံသယရှိလူနာတွေ့ရှိပါက စမ်းသပ်စစ်ဆေးမှုများပြုလုပ်နိုင်ရန်နဲ့ မလွဲပြောင်းမီခေတ္တနားနေရန် သီးသန့်ခန်း Temporary Isolation Room ကို ၁၀ရက်နေ့ကထဲကပြင်ဆင်ထားပြီးသားပါ။
သံသယရှိသူလူနာအတွက် လေဆိပ်အတွင်းမှ သီးသန့်လမ်းကြောင်းကနေ ထွက်ခွာနိုင်ဖို့နဲ့ ရေးပေါ်လူနာတင်ယာဥ်ကိုလည်း စီစဥ်ထားပါတယ်။
၁၄ရက်နဲ့၁၅ရက်နေ့က လေယာဥ်ကွင်းဝန်ထမ်းများကို ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့ပါတယ်။
၈ရက်နေ့ကထဲက ဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန် ဆရာမများနဲ့ဆွေးနွေးပြီး ပြည်သူ့ဆေးရုံကြီး၊ ကုတင်၅၅၀ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး နဲ့ ကုတင်၃၀၀ သင်ကြားရေးဆေးရုံတွေမှာ ရောဂါကုသဖို့ သီးသန့်အခန်းတွေပြင်ဆင်ခဲ့ပါတယ်။
မြို့နယ်ဆေးရုံတွေအပြင် ကျေးလက်ဆေးပေးခန်းတွေအထိ ဆောင်ရွက်ရမယ့်လုပ်ငန်းစဥ်အားလုံး ဖြန့်ဝေပြီးပါပြီ။
ကုန်းလမ်းအနေနဲ့လည်း မြန်မာပြည်ကိုပြန်လာသူများကိုစစ်ဆေးနိုင်ရေး ပြင်ဦးလွင်အဝင် မဟာအံထူးကံသာ ဘုရားကြီးအနီး Xray စက်ရှိတဲ့နေရာမှာ Thermo Gun နဲ့စစ်ဆေးနေပါပြီ။
၆၂လမ်း သူနာပြုတက္ကသိုလ်ရှေ့ရှိ(ယခင် ကန်တော်နဒီဆေးရုံ)ဆေးရုံနေရာကို သီးသန့်အဆောင် အဖြစ်ထားရှိရန် ရှင်းလင်းရေး(၂၇.၁.၂၀၂၀)ရက်နေ့ကစ၍စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Quarantine သံသယရှိဖွယ်လူနာတွေကို သီးခြားခွဲထားဖို့အတွက်ပါ။
အသုံးမပြုတာကြာပြီဖြစ်လို့ ၂ရက်၃ရက်အတွင်းပြီးဆီးအောင် အရေးပေါ်ပြင်ဆင်ရတာပါ။
ဆေးရုံဝင်းအတွင်းနဲ့ အဆောင်နားသန့်ရှင်းရေး ရေသန့်လုပ်ငန်းများအတွက်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနဝန်ထမ်းများနဲ့ရေနှင့်သန့်ရှင်းမှုဌာနဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀၀)ကျော်နဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။

တိုင်းကျန်းမာရေးဦးစီးဌာန၊လျှပ်စစ်ဓါတ်အားဖြန်ဖြူးရေးအဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများအဖွဲ့က(၂၇.၁.၂၀၂၀)ရက်နေ့ညနေပိုင်းက ဆေးရုံသို့လာရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊သန့်ရှင်းရေးဆောင်ရွက် ခြင်း၊ဆေးရုံအဆောက်အဦအတွင်းရှိ မလိုလားအပ်သော ပစ္စည်းများရွှေ့ပြောင်းခြင်း၊ရေဆေးခြင်း၊ပိုးသတ်ဆေးများဖြန်းခြင်း၊ဆေးရုံကုတင်စသော ပရိဘောဂများ ဆေးကြောခြင်း၊ ဆေးဖြန်းခြင်း၊ နေရာချထားခြင်းများဆောင်ရွက်ပေးလျှက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ထောင့်စေ့အောင်လုပ်နေပါတယ်။
ဟိုတယ်ခရီးကလည်း ဖျးနာသူများတွေ့ရှိပါက ချက်ချင်းသတင်းပို့ဖို့ ဟော်တယ်နဲ့တည်းခိုခန်းတွေကို အကြောင်းကြားထားပါတယ်။
ပြည်သူတွေကမသိတော့ စိတ်ပူလွန်တာ မမှားပါဘူး။ဘာပဲပြောပြောသတိဆိုတာ ပိုတယ်မရှိပါဘူး။
အခုဖွဲ့လိုက်တဲ့ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ Survellance and Respond Team SRT team ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို ဌာနပေါင်းစုံက ပံ့ပိုးကူညီပေးဖို့ပါ။
Image may contain: text
Image may contain: text
Source : Ye Lwin'Fb #Myanmar_Online_News
>>Zawgyi<<
မန္တလေးတိုင်းဒေသကြီးအတွင်း 2019 Novel Corona virus (2019 nCoV)ဖြစ်ပွားပြန့်နှံ့မှုထိန်းကွပ်နိုင်ရေး ကျန်းမာရေးဌာနများကို အကူအညီပေးနိုင်ရေး စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ Survellance and Respond Team SRT ဖွဲ့ စည်း။
Tuesday , January 28 , 2019

ဝူဟန်မြို့တွင် 2019 nCoV ရောဂါ ဖြစ်ပွားကြောင်း ၄ ရက်နေ့ကသတင်းရပြီးပြီးချင်း ၅ရက်နေ့မှာ ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ချုပ်၊ တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဒုချုပ်အဖွဲ့ လေယာဉ်ကွင်းကတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များချက်ချင်းဆောင်ရွက်ခဲ့ပါတယ်။
ပြည်ပဆိုက်ရောက်ခရီးသည်တွေများလို့ ကိုယ်အပူချိန်စစ်ဆေးစက် Infrared Thermoscan ဒုတိယတစ်ခုကိုပါ ၇ရက်နေ့ကထပ်မံတပ်ဆင်လိုက်ပါတယ်။
ကျန်းမာရေးစစ်ဆေးဖို့ ဆရာဝန် ၂ဦးနဲ့ လက်ထောက်ကျန်းမာရေးမှူး ၁ဦးပါဝင်တဲ့အဖွဲ့ ကို ၂၄နာရီတာဝန်ချထားပြီး သံသယရှိလူနာတွေ့ရှိပါက စမ်းသပ်စစ်ဆေးမှုများပြုလုပ်နိုင်ရန်နဲ့ မလွဲပြောင်းမီခေတ္တနားနေရန် သီးသန့်ခန်း Temporary Isolation Room ကို ၁၀ရက်နေ့ကထဲကပြင်ဆင်ထားပြီးသားပါ။
သံသယရှိသူလူနာအတွက် လေဆိပ်အတွင်းမှ သီးသန့်လမ်းကြောင်းကနေ ထွက်ခွာနိုင်ဖို့နဲ့ ရေးပေါ်လူနာတင်ယာဉ်ကိုလည်း စီစဉ်ထားပါတယ်။
၁၄ရက်နဲ့၁၅ရက်နေ့က လေယာဉ်ကွင်းဝန်ထမ်းများကို ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့ပါတယ်။
၈ရက်နေ့ကထဲက ဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန် ဆရာမများနဲ့ဆွေးနွေးပြီး ပြည်သူ့ဆေးရုံကြီး၊ ကုတင်၅၅၀ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး နဲ့ ကုတင်၃၀၀ သင်ကြားရေးဆေးရုံတွေမှာ ရောဂါကုသဖို့ သီးသန့်အခန်းတွေပြင်ဆင်ခဲ့ပါတယ်။
မြို့နယ်ဆေးရုံတွေအပြင် ကျေးလက်ဆေးပေးခန်းတွေအထိ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အားလုံး ဖြန့်ဝေပြီးပါပြီ။
ကုန်းလမ်းအနေနဲ့လည်း မြန်မာပြည်ကိုပြန်လာသူများကိုစစ်ဆေးနိုင်ရေး ပြင်ဦးလွင်အဝင် မဟာအံထူးကံသာ ဘုရားကြီးအနီး Xray စက်ရှိတဲ့နေရာမှာ Thermo Gun နဲ့စစ်ဆေးနေပါပြီ။
၆၂လမ်း သူနာပြုတက္ကသိုလ်ရှေ့ရှိ(ယခင် ကန်တော်နဒီဆေးရုံ)ဆေးရုံနေရာကို သီးသန့်အဆောင် အဖြစ်ထားရှိရန် ရှင်းလင်းရေး(၂၇.၁.၂၀၂၀)ရက်နေ့ကစ၍
စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Quarantine သံသယရှိဖွယ်လူနာတွေကို သီးခြားခွဲထားဖို့အတွက်ပါ။
အသုံးမပြုတာကြာပြီဖြစ်လို့ ၂ရက်၃ရက်အတွင်းပြီးဆီးအောင် အရေးပေါ်ပြင်ဆင်ရတာပါ။
ဆေးရုံဝင်းအတွင်းနဲ့ အဆောင်နားသန့်ရှင်းရေး ရေသန့်လုပ်ငန်းများအတွက်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနဝန်ထမ်းများနဲ့
ရေနှင့်သန့်ရှင်းမှုဌာနဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀၀)ကျော်နဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။

တိုင်းကျန်းမာရေးဦးစီးဌာန၊လျှပ်စစ်ဓါတ်အားဖြန်ဖြူးရေးအဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများအဖွဲ့က(၂၇.၁.၂၀၂၀)ရက်နေ့ညနေပိုင်းက ဆေးရုံသို့လာရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊သန့်ရှင်းရေးဆောင်ရွက် ခြင်း၊ဆေးရုံအဆောက်အဦအတွင်းရှိ မလိုလားအပ်သော ပစ္စည်းများရွှေ့ပြောင်းခြင်း၊ရေဆေးခြင်း၊ပိုးသတ်ဆေးများဖြန်းခြင်း၊ဆေးရုံကုတင်စသော ပရိဘောဂများ ဆေးကြောခြင်း၊ ဆေးဖြန်းခြင်း၊ နေရာချထားခြင်းများဆောင်ရွက်ပေးလျှက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ထောင့်စေ့အောင်လုပ်နေပါတယ်။
ဟိုတယ်ခရီးကလည်း ဖျးနာသူများတွေ့ရှိပါက ချက်ချင်းသတင်းပို့ဖို့ ဟော်တယ်နဲ့တည်းခိုခန်းတွေကို အကြောင်းကြားထားပါတယ်။
ပြည်သူတွေကမသိတော့ စိတ်ပူလွန်တာ မမှားပါဘူး။ဘာပဲပြောပြောသတိဆိုတာ ပိုတယ်မရှိပါဘူး။
အခုဖွဲ့လိုက်တဲ့ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ Survellance and Respond Team SRT team ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို ဌာနပေါင်းစုံက ပံ့ပိုးကူညီပေးဖို့ပါ။
Source : Ye Lwin'Fb #Myanmar_Online_News

0 comments:

Post a Comment