Tuesday, January 28, 2020

အမေရိကန်ကုန်တင်သင်္ဘောကုမ္ပဏီမှ ပိတ်ဆို့မှုစာရင်းဝင် မြန်မာကုမ္ပဏီကို သယ်/ပို့ လုပ်ငန်းများဆောင်ရွက်ပေးခဲ့သဖြင့် ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ရ

Image may contain: ocean, sky, outdoor and waterImage may contain: ocean, sky, water and outdoor

မြန်မာနိုင်ငံအပေါ် အမေရိကန်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ Eagle Bulk Shipping သင်္ဘောကုမ္ပဏီလက်အောက်ခံ Eagle Shipping International (USA) LLC ကုန်တင်သင်္ဘော ကုမ္ပဏီဟာ ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်ငွေတိုက်၀န်ကြီးဌာနက တနင်္လာနေ့မှာထုတ်ပြန်ပါတယ်။

၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်ကြား အမေရိကန်ရဲ့နာမည်ပျက်စာရင်းသွင်းခံထားရတဲ့အထဲပါ၀င်တဲ့ မြ၀တီထရိတ်ဒင်း ကုမ္ပဏီလီမိတက်ကို သယ်ယူပို့ဆောင်ရေး၀န်ဆောင်မှုပေးခဲ့လို့ဆိုပြီး ပေးဆောင်ရတာလို့ အမေရိကန်ငွေတိုက် ၀န်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကထုတ်ပြန်ပါတယ်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပြီး မြ၀တီကိုလည်း နာမည် ပျက်စာရင်းကနေဖယ်ရှားလိုက်ပါတယ်။
ဒါပေမဲ့ ပြန်မရုတ်သိမ်းခင် မလျော်ကန်တဲ့လုပ်ဆာင်မှုတွေလုပ်ခဲ့တယ်လို့ဆိုရင် လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့ အစည်းတွေဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိရသေးတယ်ဆိုပြီး ၀န်ကြီးဌာနကပြောတာပါ။
လိုင်စင်လျှောက်ထားမှုငြင်းခဲ့တာနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးဆီက ခွင့်ပြုမိန့်မရခဲ့တာတွေရှိခဲ့ပေမဲ့ အဲဒီကာလမှာ ပိတ်ဆို့မှုခံထားရတဲ့မြ၀တီကုမ္ပဏီက ဖြည့်ဆည်းပေးတဲ့သဲကို စင်ကာပူနိုင်ငံဆီတင်ပို့ရာမှာ ကုမ္ပဏီက သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကပြောပါတယ်။
Image may contain: ocean, sky, outdoor and water
Image may contain: outdoor and water
Source - Wall Street Journal Crd : Myitphyar Irra #Myanmar_Online_News
>>Zawgyi<<
အမေရိကန်ကုန်တင်သင်္ဘောကုမ္ပဏီမှ ပိတ်ဆို့မှုစာရင်းဝင် မြန်မာကုမ္ပဏီကို သယ်/ပို့ လုပ်ငန်းများဆောင်ရွက်ပေးခဲ့သဖြင့် ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ရ
Tuesday, January 28 , 2020

မြန်မာနိုင်ငံအပေါ် အမေရိကန်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ Eagle Bulk Shipping သင်္ဘောကုမ္ပဏီလက်အောက်ခံ Eagle Shipping International (USA) LLC ကုန်တင်သင်္ဘော ကုမ္ပဏီဟာ ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနက တနင်္လာနေ့မှာထုတ်ပြန်ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်ကြား အမေရိကန်ရဲ့နာမည်ပျက်စာရင်းသွင်းခံထားရတဲ့အထဲပါဝင်တဲ့ မြဝတီထရိတ်ဒင်း ကုမ္ပဏီလီမိတက်ကို သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခဲ့လို့ဆိုပြီး ပေးဆောင်ရတာလို့ အမေရိကန်ငွေတိုက် ဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကထုတ်ပြန်ပါတယ်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပြီး မြဝတီကိုလည်း နာမည် ပျက်စာရင်းကနေဖယ်ရှားလိုက်ပါတယ်။
ဒါပေမဲ့ ပြန်မရုတ်သိမ်းခင် မလျော်ကန်တဲ့လုပ်ဆာင်မှုတွေလုပ်ခဲ့တယ်လို့ဆိုရင် လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့ အစည်းတွေဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိရသေးတယ်ဆိုပြီး ဝန်ကြီးဌာနကပြောတာပါ။
လိုင်စင်လျှောက်ထားမှုငြင်းခဲ့တာနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးဆီက ခွင့်ပြုမိန့်မရခဲ့တာတွေရှိခဲ့ပေမဲ့ အဲဒီကာလမှာ ပိတ်ဆို့မှုခံထားရတဲ့မြဝတီကုမ္ပဏီက ဖြည့်ဆည်းပေးတဲ့သဲကို စင်ကာပူနိုင်ငံဆီတင်ပို့ရာမှာ ကုမ္ပဏီက သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကပြောပါတယ်။
Source - Wall Street Journal Crd : Myitphyar Irra #Myanmar_Online_News

0 comments:

Post a Comment