Tuesday, January 28, 2020

မန္တလေး လေဆိပ်ကနေ တရုတ်နိုင်ငံသား ၇၀ ကျော်ကို ညတွင်းချင်းလာရောက် ခေါ်ဆောင်


Image may contain: cloud, sky, outdoor and nature
တရုတ်နိုင်ငံသား ၇၀ ကျော်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ China Eastern လေယာဉ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် အခုည ညတွင်းချင်း လာခေါ်သွားတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
အဲဒီလေယာဉ်ဟာ ပုံမှန် အစီအစဉ်အတိုင်း ပျံသန်းပြေးစွဲနေတဲ့ လေယာဉ်မဟုတ်ဘဲ အခုည(ဇန်နဝါရီ ၂၈ရက် ) ၉ နာရီမှာ ဆိုက်ရောက်ပြီး ၉ နာရီခွဲမှာ ပြန်ထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“လေယာဉ်ဆင်းသက်ခွင့်တောင်းပြီးတော့ ဒီနေ့ညမှာပဲ ညတွင်းချင်းပြန်တက်မှာ။ ဒီလူတွေက လူကောင်းတွေပါ၊ ကျန်းမာစွာနဲ့ ဒီမှာနေထိုင်သူတွေ။ ဒါပေမယ့် သူတို့ နိုင်ငံကို သူတို့ ပြန်ခေါ်တဲ့ သဘောနဲ့ တူတယ်။”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ကနေ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနကို လေယာဉ်ဆိုက်ရောက်ခွင့်ပြုဖို့ မေတ္တာရပ်ခံချက်တောင်းခံပြီး အခုလို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၇၀ ကျော်ဟာ ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက China Eastern လေယာဉ်နဲ့ ဝူဟန်ကနေ ရန်ကုန်မြို့မှာ ဆိုက်ရောက်တဲ့ ခရီးသည်တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နဲ့ ဆက်သွယ်နေတဲ့ ပို့ဆောင်ရေးကဏ္ဍတွေကို နိုင်ငံတကာက ကြပ်မတ်နေပြီး လေကြောင်းလိုင်း ယာယီရပ်ဆိုင်းတာတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူဆောင်ရွက်နေပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆိုရင် လေကြောင်းလိုင်း ၁၀ ခုနဲ့ တရုတ်နိုင်ငံက လေဆိပ် ၂၅ ခုကို ပျံသန်းပြေးစွဲနေတဲ့ လေကြောင်းလိုင်းတွေမှာ အခုဆို China Eastern Airlines ၊ Ruili Airlines ၊ Myanmar Airways International ၊ Sichuan Airlines တို့သာ ပျံသန်းနေတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ တဖြည်းဖြည်း မြင့်တက်လာနေပြီး တရုတ်နိုင်ငံမှာတော့ ၄၅၀၀ ကျော်အနက် သေဆုံးသူ ၁၀၀ ကျော်လာပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ၊ သံသယလူနာ ရှိနေပြီဆိုတဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။

Ref : voiceofmyanmar #Myanmar_Online_News

>>Zawgyi<<

မန္တလေး လေဆိပ်ကနေ တရုတ်နိုင်ငံသား ၇၀ ကျော်ကို ညတွင်းချင်းလာရောက် ခေါ်ဆောင်
Tuesday , January 28 , 2019

တရုတ်နိုင်ငံသား ၇၀ ကျော်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ China Eastern လေယာဉ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် အခုည ညတွင်းချင်း လာခေါ်သွားတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

အဲဒီလေယာဉ်ဟာ ပုံမှန် အစီအစဉ်အတိုင်း ပျံသန်းပြေးစွဲနေတဲ့ လေယာဉ်မဟုတ်ဘဲ အခုည(ဇန်နဝါရီ ၂၈ရက် ) ၉ နာရီမှာ ဆိုက်ရောက်ပြီး ၉ နာရီခွဲမှာ ပြန်ထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“လေယာဉ်ဆင်းသက်ခွင့်တောင်းြပီးတော့ ဒီနေ့ညမှာပဲ ညတွင်းချင်းပြန်တက်မှာ။ ဒီလူတွေက လူကောင်းတွေပါ၊ ကျန်းမာစွာနဲ့ ဒီမှာနေထိုင်သူတွေ။ ဒါပေမယ့် သူတို့ နိုင်ငံကို သူတို့ ပြန်ခေါ်တဲ့ သဘောနဲ့ တူတယ်။”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ကနေ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနကို လေယာဉ်ဆိုက်ရောက်ခွင့်ပြုဖို့ မေတ္တာရပ်ခံချက်တောင်းခံပြီး အခုလို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၇၀ ကျော်ဟာ ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက China Eastern လေယာဉ်နဲ့ ဝူဟန်ကနေ ရန်ကုန်မြို့မှာ ဆိုက်ရောက်တဲ့ ခရီးသည်တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နဲ့ ဆက်သွယ်နေတဲ့ ပို့ဆောင်ရေးကဏ္ဍတွေကို နိုင်ငံတကာက ကြပ်မတ်နေပြီး လေကြောင်းလိုင်း ယာယီရပ်ဆိုင်းတာတွေလည်းရှိေနပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူဆောင်ရွက်နေပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆိုရင် လေကြောင်းလိုင်း ၁၀ ခုနဲ့ တရုတ်နိုင်ငံက လေဆိပ် ၂၅ ခုကို ပျံသန်းပြေးစွဲနေတဲ့ လေကြောင်းလိုင်းတွေမှာ အခုဆို China Eastern Airlines ၊ Ruili Airlines ၊ Myanmar Airways International ၊ Sichuan Airlines တို့သာ ပျံသန်းနေတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ တဖြည်းဖြည်း မြင့်တက်လာနေပြီး တရုတ်နိုင်ငံမှာတော့ ၄၅၀၀ ကျော်အနက် သေဆုံးသူ ၁၀၀ ကျော်လာပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ၊ သံသယလူနာ ရှိနေပြီဆိုတဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။

Ref : voiceofmyanmar #Myanmar_Online_News

0 comments:

Post a Comment