Saturday, January 11, 2020

ဘင်္ဂလားဒက်ရှ်မှ တန်ချိန် ၈,၀၀၀ ပင်လယ်ကူးသင်္ဘော နှစ်စီးကို အိမ်နီးချင်း အိန္ဒိယသို့ ရောင်းချ

No photo description available.Image may contain: 2 people, text

သင်္ဘောတည်ဆောက်ခြင်း စက်မှု့လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံသည် ပင်လယ်ကူးသင်္ဘောကြီးများကို အောင်မြင်စွာတည်ဆောက်လျှက်ရှိရာ ၎င်းတို့အနက် ကုန်တင်သင်္ဘော ၂-စီးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရောင်းချခဲ့ရကြောင်း သိရှိရသည်။

သောကြာနေ့ ကာနာဖူလီ အနောက်ပင်လယ်ကူးသင်္ဘောကျင်း၌ ကျင်းပသော ကုန်တင်ရေယာဉ်များ လွှဲပြောင်းပေးအပ်ပွဲသို့ ဘင်္ဂလားဒက်ရှ်ကုန်သွယ်ရေးဝန်ကြီး တီပူမန်ရှီ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရီဗာဂန်ဂူရီဒတ်စ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။ JSW Singad နှင့် JSW Logad ကုန်တင်ရေယာဉ် ၂-စီးကို အိန္ဒိယနိုင်ငံ ဂျင်ဒယ်သံမဏိလုပ်ငန်းကိုယ်စား အိန္ဒိယသံအမတ်ကြီးက လက်ခံရယူသည်။
အခန်းအနားတွင် ကုန်သွယ်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာပုံ၊ လတ်တလော ပြည်ပသို့ တင်ပို့ရောင်းချရသည့်အခြေအနေနှင့် စွမ်းရည်အလားအလာများကို ရှင်းလင်းသည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဘန်ဂါဘန်ဒူရှိတ်မူဂျီဘူရာမန် အိမ်အပြန်နှစ်ပတ်လည်နေ့ ဖြစ်သော ယနေ့တွင် နိုင်ငံတော်သင်္ဘောကျင်းမှ သင်္ဘောများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် ကမ္ဘာ့အလည်တွင် ပုံရိပ်မြင့်တက်ခဲ့ရပြီ ဖြစ်ကြောင်း၊ တစ်ချိန်က ကမ္ဘာ့ အောက်ဆုံးအဆင့်တွင် မျက်နှာအောက်ချခဲ့ရသည့် ဘင်္ဂလားဒက်ရှ်သည် ယခုအခါ နိုင်ငံတကာအလယ်သို့ ထွန်းလင်းတင့်တယ်စွာ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု့ကို ကိန်းဂဏန်း ၂-လုံးရောက်သည်အထိ မြင့်တက်လာစေရမည်ဟု ရည်မှန်းထားကြောင်း ဆက်လက်၍လည်း သင်္ဘောများ ပိုမိုတည်ဆောက်ပေးရန် အိန္ဒိယနိုင်ငံက မှာကြားမည့် အစီအစဉ်ရှိကြောင်း ဝန်ကြီးက အကျယ်တဝင့် ပြောကြားသည်။
ကာနာဖူလီ အနောက်ပင်လယ်ကူးသင်္ဘောကျင်းဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ ယခု ပင်လယ်ကူး ကုန်တင်ရေယာဉ်များကို ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ပထမဆုံးအကြိမ် အစအဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၅-ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဂျင်ဒယ်သံမဏိလုပ်ငန်းသည် ကုန်တင်သင်္ဘော ၄-စီးတည်ဆောက်ပေးရန် ကုန်မှာစာ ပေးပို့ခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၃.၅၉ သန်းရှိကြောင်း၊ JSW Raigad နှင့် JSW Pratapgad တို့ကို ၂၀၁၇-ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယခု လွှဲပြောင်းပေးအပ်သည့် ပင်လယ်ကူး ကုန်တင်သင်္ဘော ၂-စီးသည် တန်ချိန် ၈,၀၀၀ စီရှိကြကြောင်း၊ ကျောက်မီးသွေးနှင့် သံတို့ကို တင်ဆောင်၍ အိန္ဒိယအနောက်ဖက်ကမ်းရိုးတန်း ဂျိုင်ဂတ်ဆိပ်ကမ်းမှ ဒါရန်တာဆိပ်ကမ်းအကြား တစ်နာရီ ၁၀-ရေမိုင်နှုန်းဖြင့် ခုတ်မောင်းပြေးဆွဲရာတွင် အသုံးပြုလိမ့်မည်ဟု သိရှိရကြောင်း ရှင်းလင်းပြောဆိုသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အိမ်နီးချင်းနှစ်နိုင်ငံတို့အကြား ကုန်သွယ်ရေး သမိုင်းမှတ်တိုင်ဖြစ်သော ကုန်တင်သင်္ဘောများအား လက်ခံရယူသည်။
ဘင်္ဂလားဒက်ရှ်သည် တရုတ်-အိန္ဒိယအပါအဝင် အင်အားကြီးနိုင်ငံများ အပြိုင်အဆိုင်မျက်စိကျလျှက်ရှိသည့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့ကို ထိန်းကျောင်းနိုင်ရန် ခေတ်မီရေတပ်မတော်ကိုလည်း အပြင်းအထန် တည်ဆောက်လျှက်ရှိသည်။ တရုတ်နိုင်ငံမှ အသစ်ဝယ်ယူသည့် စစ်သင်္ဘောသစ် ၂-စီးတို့အား လွန်ခဲ့သည့် ဒီဇင်ဘာလတွင် တရုတ်ထံမှ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။
အလျား ၁၁၂-မီတာ၊ ဗျက် ၁၂.၄ မီတာရှိ အဆိုပါ စစ်သင်္ဘောများသည်၊ တစ်နာရီ ရေမိုင် ၂၄ မိုင်နှုန်းခုတ်မောင်းနိုင်သည်။ ၂၀၁၇-ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် Type 035G ခေါ် Ming class တိုက်ခိုက်ရေး ရေငုတ်သင်္ဘော ၂-စီးကို တရုတ်နိုင်ငံမှ ဝယ်ယူဖြည့်တင်းခဲ့ရာ ၂၀၁၉-ခုနှစ် ဘင်္ဂလားဒက်ရှ်၏ စစ်အင်အားမှာ နိုင်ငံတကာ ၁၃၇ နိုင်ငံတွင် အဆင့် ၄၅ ဖြစ်လာသည်။ ၎င်းမှာ ၂၀၁၈-ခုနှစ် အဆင့် ၅၆ မှ ခုန်တက်သွားခြင်းဖြစ်ပြီး တောင်အာရှတွင် တတိယစစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာသည်။
Image may contain: water, outdoor and text
No photo description available.
Source- HtayOung #Myanmar_Online_News

<zawgyi>
ဘင်္ဂလားဒက်ရှ်မှ တန်ချိန် ၈,၀၀၀ ပင်လယ်ကူးသင်္ဘော နှစ်စီးကို အိမ်နီးချင်း အိန္ဒိယသို့ ရောင်းချ
Saturday,January 11 ,2019

0 comments:

Post a Comment