Tuesday, April 7, 2020

မောင်တောမြို့နယ်၌ AA အကြမ်းဖက်အဖွဲ့မှ အရပ်ဖက်မော်တော်ယာဉ်တစ်စီးအား ပစ်ခတ်တိုက်ခိုက်

Image may contain: car

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ AA အကြမ်းဖက်သမား ၄ ဦးခန့်က အရပ်ဖက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲပြီး မော်တော်ယာဉ်အား လက်နက်ငယ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ် ခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ၊ ရေလုပ်ငန်းကုန်သည် ရခိုင်အမျိုးသားတစ်ဦးသည် စစ်တွေမြို့သို့ 7K/xxxx Probox ယာဉ်ဖြင့် ဂဏန်းများ တင်ဆောင်၍ သွားရောက်ရောင်းချပြီး အငူမော်-မောင်တောကားလမ်းအတိုင်း ပြန်လာ စဉ် ည ၈ နာရီခန့် မောင်တောမြို့နယ်၊ ကျီးကန်းပြင်(တောင်)ကျေးရွာတံတားအရောက်၌ ကားလမ်း ပေါ်မှ မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး မော်တော်ယာဉ်မှာ လမ်း၏ဝဲဘက်ရှိမြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း၊ ၎င်းမှာ ယာဉ်ပေါ်မှခုန်ဆင်း၍ ကျေးရွာဘက်သို့ထွက်ပြေးခဲ့ကြောင်း၊ ထိုအချိန်တွင် ရခိုင်စကားပြောသည့် AA အကြမ်းဖက်သမား ၄ ဦးခန့်က မော်တော်ယာဉ်အား လက်နက်ငယ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ် ခဲ့ကြောင်း အနီးဆုံးနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ လာရောက်အကြောင်းကြားခဲ့၍ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ မိုင်း/လက်နက်ငယ် ကျည်ထိမှန်ထားသော Probox အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ကားလမ်းပေါ်၌ အကျယ် ၈ ပေ၊ အနက် ၄ ပေခန့်ရှိ မြေကျင်းတစ်ကျင်း၊ ၎င်းအနီးမှ ၁၀ ပေခန့်ရှိ ဝါယာကြိုးတစ်ချောင်း၊ ကျည်ခွံ ၁ ခုတို့အားတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
AA အကြမ်းဖက်အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့် လမ်းမပေါ်တွင် အရပ်ဖက်ယာဉ်များနှင့် ဒေသပြည်သူလူထုအားဒုက္ခရောက်စေရန် အဖျက်လုပ်ငန်း များ ကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာတွေ့ရှိနိုင်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source-ရဲဇာနည် #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment