Wednesday, April 29, 2020

မြောက်ဥက္ကလာပမြို့နယ်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

Image may contain: 1 person

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၃)လမ်း၊ နေ ပြည့်စုံဝင်းဗိုလ်(ဘ)ဦးဝင်းဗိုလ် ၏နေအိမ်အား ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ပြည်စုံဝင်းဗိုလ် အား တွေ့ရှိခြင်းမရှိဘဲ ၎င်းင်း၏မိဘများနှင့် ဇနီးဖြစ်သူ တို့ ၃ ဦးအား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ ပြည့်စုံဝင်းဗိုလ်၏ အိပ်ခန်း အတွင်းမှ တရားမဝင် လေသေနတ် ၄ လက်၊ ကော်စေ့ဖြင့်ပစ်ခတ်သည့် ကော်ပစ္စတိုသေနတ် ၂ လက်၊ လေသေနတ်ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓားမျိုးစုံ ၂၅ လက်၊ ပုဆိန် ၁ လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဖခင်ဖြစ်သူ ဦးဝင်းဗိုလ် နှင့် ထွက်ပြေးတိမ်းရှောင် နေသူ ပြည့်စုံဝင်းဗိုလ် အား မြောက်ဥက္ကလာပမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmar_Online_News

>>zawgyi<<
မြောက်ဥက္ကလာပမြို့နယ်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
Thursday, April 30, 2020

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၃)လမ်း၊ နေ ပြည့်စုံဝင်းဗိုလ်(ဘ)ဦးဝင်းဗိုလ် ၏နေအိမ်အား ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ပြည်စုံဝင်းဗိုလ် အား တွေ့ရှိခြင်းမရှိဘဲ ၎င်းင်း၏မိဘများနှင့် ဇနီးဖြစ်သူ တို့ ၃ ဦးအား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ ပြည့်စုံဝင်းဗိုလ်၏ အိပ်ခန်း အတွင်းမှ တရားမဝင် လေသေနတ် ၄ လက်၊ ကော်စေ့ဖြင့်ပစ်ခတ်သည့် ကော်ပစ္စတိုသေနတ် ၂ လက်၊ လေသေနတ်ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓားမျိုးစုံ ၂၅ လက်၊ ပုဆိန် ၁ လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဖခင်ဖြစ်သူ ဦးဝင်းဗိုလ် နှင့် ထွက်ပြေးတိမ်းရှောင် နေသူ ပြည့်စုံဝင်းဗိုလ် အား မြောက်ဥက္ကလာပမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment