Thursday, April 30, 2020

လက်ရှိဝန်ကြီးချုပ်အား စစ်ဆေးရန်ရှိသော်လည်း တရားရုံးသို့ရောက်မလာနိုင်သဖြင့် အဂတိလိုက်စားမှုဖြင့် အရေးယူခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲလဲ့မော်အမှု ရုံးချိန်းရပ်နားခဲ့ရ

Image may contain: 2 people

အဂတိမှုဖြင့် အရေးယူခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲလဲ့မော်အပါအဝင် လေးဦးအမှုတွင် လက်ရှိဝန်ကြီးချုပ်အား စစ်ဆေးရန်ရှိသော်လည်း တရားရုံးသို့ ရောက်မလာခဲ့သဖြင့် ရုံးချိန်းရပ်နားခဲ့ရကြောင်း သိရသည်။

အကြိမ် ၆၀ မြောက်ရုံးချိန်းတွင် လက်ရှိ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ဆေးရန် စောင့်ဆိုင်းခဲ့သော်လည်း ငါးနာရီခန့် ကြာသည်အထိ ရောက်မလာခဲ့ဘဲ ဖုန်းဖြင့် ခွင့်တိုင်ကြားခြင်းကြောင့် စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဒီနေ ့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက် ရုံး ချိန်းမှာ တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ် တော်ရဲ့ ရာဇဝတ်ကြီးအမှုအမှတ်(၂/၂၀၁၉)အမှုက တရားခံပြသက်သေတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ဆေးရန်ချိန်းဆို ထားသော်လည်း ၎င်းမှာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန် ့ခွဲရေး ကော်မတီအစည်းအဝေး မပြီးပြတ်သေး၍ မလာရောက်နိုင်တော့ကြောင်း တယ်လီဖုန်းဖြင့် ခွင့်တိုင်ကြားဆက် သွယ်လာ၍မစစ်ဆေးနိုင်ခြင်းဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်ကိုချိန်းဆိုထားပြီးတော့ အဲဒီရုံးချိန်း မှာ ရာဇဝတ်ကြီးအမှုအမှတ်(၃/၂၀၁၉)၊ (၄/၂၀၁၉)အမှုတို့က တရားခံပြသက်သေ တိုင်းဒေသကြီးစာရင်းစစ်ရုံး ဒုတိယညွှန်ကြားရေးမှူးဒေါ်မာမာချိုနဲ့ ရာဇဝတ်ကြီးအမှု အမှတ်(၄/၂၀၁၉)အမှုက တရားခံပြသက်သေ ဦးစောကနဲထူးတို့ကိုစစ်ဆေးသွား မှာ ဖြစ်ပါတယ်’’ဟု တိုင်းဒေသကြီးတရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ထားဝယ်အခြေစိုက်မီဒီယာ များကို ဖြေကြားသည်။
ယခုရုံးချိန်းတွင် လက်ရှိ တနသာင်္ရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်အပြင် ရာဇဝတ်ကြီး အမှုအမှတ်(၂/၂၀၁၉)နဲ ့(၃/၂၀၁၉)အမှုတို့ အတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်ကျော်ကိုပါ တရားခံပြ သက်သေအဖြစ် စစ်ဆေးရန်ချိန်းဆိုထားပြီး ဦးခင်မောင်ကျော်မှာ တာဝန်ဖြင့် ခရီးသွားနေသောကြောင့် ရုံးချိန်းမတိုင်မီကပင် ခွင့်တိုင် ထားခဲ့ကြောင်း သိရသည်။
လက်ရှိတနသာင်္ရီတိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်မှာ ယခင်ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်လက်ထက်က သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သည်။
ရာဇဝတ်ကြီးအမှုအမှတ်(၂/၂၀၁၉)မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က F-22 Sunny Construction Co.,Ltd ကို ထိုက်သင့်သည့်တန်ဖိုးငွေမပေးဘဲ လုပ်ငန်းသုံးခုကိုဝန် ဆောင်မှုပေးစေခိုင်းခဲ့ပြီး မကြာမီတွင် ဝန်ကြီး ချုပ်ဒေါက်တာလဲ့လဲ့မော်သည် ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ကျပ်သိန်း ၄၀၀၀ ဖြင့်တင်ဒါမခေါ်ယူခင် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ ဝန်ကြီးချုပ်၏ညွှန်ကြားချက်ဖြင့် အဆိုပါကုမ္ပဏီအား တိုက်ရိုက်ခွင့်ပြုအခွင့်အရေးပေးခဲ့ခြင်းဖြင့် ဝန်ကြီး ချုပ်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရအရေးယူပေးရန် ထားဝယ်မြို့မရဲစခန်းတွင် (ပ) ၇၆၉/ ၂၀၁၉ဖြင့် တိုင်ကြားထားသောအမှု ဖြစ်သည်။
ပြီးခဲ့သည့် ၅၈ ကြိမ်မြောက်နှင့် ၅၉ ကြိမ် မြောက်ရုံးချိန်းများ၌ လက်ရှိ တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၏ကိုယ်ရေးအရာရှိနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစီးအရာရှိ ဦးဇော်လင်းအောင်၊ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏတို့ကို တရားခံပြသက်သေများအဖြစ် စစ်ဆေးခဲ့ရာ ၌ ၎င်းတို့၏ထွက်ဆိုချက်များမှာ ယခင်တရား လိုပြသက်သေများ၊ တရားခံများ၏ထွက်ဆိုချက်များနှင့် ကွဲလွဲမှုများရှိနေသည်ကို တွေ့ရ သည်။
Image may contain: one or more people, people standing and outdoor
Crd : Eleven

0 comments:

Post a Comment