Sunday, April 26, 2020

သီတဂူဗုဒ္ဓတက္ကသိုလ်-စစ်ကိုင်းတွင် လူပုဂ္ဂိုလ်တစ်ဦး Positive တစ်ဦးတွေ့ရှိကြောင်းထုတ်ပြန်ချက်

No photo description available.

အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သော သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဝိပဿနာအကယ်ဒမီတို့တွင် community based facility quarantine ထားရှိခဲ့ပါသည်။

သီတဂူဝိပဿနာအကယ်ဒမီတွင် သံဃာတော် ၂၁၁ ပါး သီတင်းသုံးပြီး၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီလရှင်-၅ပါးနှင့် လူပုဂ္ဂိုလ်-၄၁ဦးတို့ကို ၂ နေရာခွဲကာ ထားရှိခဲ့သည်။
၂၆-၄-၂၀၂၀ ရက်နေ့နံနက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် quarantine ထားရှိထားသော "လူပုဂ္ဂိုလ်တစ်ဦး"၏ ကျန်းမာရေး ဆေးစစ်ချက်အဖြေမှာ Covid-19 Virus Positive တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ကျန်းမာရေးဌာနမှထုတ်ပြန်ကြေငြာပါသည်။
ကျန်းမာရေးဌာနမှ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စအဝဝကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ community based facility quarantine campus ဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို ကျန်းမာရေးဌာနက စီစဉ်ညွှန်ကြားချက်များနှင့်အညီ ဂရုတစိုက် ဆက်လက်ဆောင်ရွက်သွားပါမည်။
သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်းမြင်ဝါဒ ထွန်းကားပါစေ။

သီတဂူဆရာတော်ကြီးနှင့်အတူ လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်း၊ အလှူရှင်အပေါင်း၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။
"သမဂ္ဂါနံ တပေါ သုခေါ"
စည်းလုံးညီညွတ်သူတို့၏အကျင့်သည် ကြီးပွါးချမ်းသာကြောင်း။

Ref-သီတဂူဆရာတော်ဓမ္မသဘင် - LIVE #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment