Wednesday, April 29, 2020

တပ်မတော်၏ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ (Covid-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံနေ

Image may contain: one or more people, sky, tree, house, outdoor and nature

Coronavirus Disease 2019 (Covid-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ နယ်စပ်ဒေသမြို့များ ဖြစ်သည့် မြဝတီမြို့၊ လောက်ကိုင်မြို့၊ ကွမ်းလုံမြို့နှင့် မန်စီမြို့တို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၇ ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းသို့ စောင့်ကြပ်ကြည့်ရှုရမည့်သူ ရောက်ရှိခြင်းမရှိကြောင်း သိရှိရသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် (Covid-19) ရောဂါ နှင့် ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှု ထားသူ ၅၅ ဦးကိုလည်းကောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် (Covid-19) ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူ ၂ ဦးကိုလည်းကောင်း ယနေ့တွင် တပ်မတော်ကထောက်ပံ့ပေးသည့် စားသောက်ဖွယ်ရာများ၊ ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည်ရှုရေးစခန်းတို့မှ Quarantine စာင့်ကြည့် ၂၁ ရက် ပြည့်ပြီးကြောင်း လက်မှတ်များနှင့် (Covid-19) ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၃၆၂ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၉၄ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people, tree and outdoor
Image may contain: one or more people, tree, sky, table and outdoor
Image may contain: one or more people, people sitting, table and outdoor
Image may contain: one or more people, table and outdoor
Image may contain: one or more people, sky, tree, house, outdoor and nature
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment