Wednesday, April 29, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ကပ်ရောဂါ၏ အဆိုးဆုံးကာလကို ရင်ဆိုင်ရန် ဘင်္ဂလားဒက်ရှ် ပြင်ဆင်ပြီ။ များများစစ်ဆေးလေ ကူးစက်ခံရသူအရေအတွက် တိုးလာလေတွေ့ရှိ။ ပြန်လည်နလံထလာနှုန်း နှေးကွေးနေစဉ် သေဆုံးအရေအတွက် လျှင်မြန်စွာတိုးတက်နေ

Image may contain: outdoor and text

မတ်လ ၈ ရက်နေ့၌ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါပိုး စွဲကပ်ခံရသူ ပထမဆုံးအကြိမ် တွေ့ရှိပြီးခဲ့ပြီးနောက်၊ ရက်သတ္တ ၇-ပတ်မြောက် ဧပြီ- ၁၉ မှ ၂၅ ရက်နေ့တွင် သေဆုံးသူ ၅၆-ဦးဖြစ်လာသည်။ အဆိုပါ ၇-ရက်တာ ကာလအတွင်း သေဆုံးအရေအတွက်မှာ ပထမဆုံးရက်သတ္တပတ်ထက် ၂၈-ဆပိုမိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါကြောင့် သေဆုံးဦးရေ သိသာလျှင်မြန်စွာ တိုးတက်လာသော်လည်း ပြန်လည်နလံထလာနှုန်းမှာ နှေးကွေးလျှက်ရှိသည်။ ရက်သတ္တ ၈-ပတ်မြောက်စတွင် ကူးစက်ခံရသူအရေအတွက် ၇,၀၀၀ ကျော်အထိ တစ်ဟုန်ထိုး တိုးပွားနေခြင်းမှာ ကပ်ရောဂါနှင့် အပြိုင်စစ်ခင်းရာတွင် အနိုင်ရရှိရန် အလားအလာ များများမရှိကြောင်း ပြသလျှက်ရှိသည်။
ဗုဒ္ဓဟူးနေ့သည် တစ်ရက်အတွင်း Covid-19 ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၆၄၁ ဦးကြောင်းတွေ့ရှိပြီး လူ ၈-ဦးသေဆုံးသည်။ တနင်္ဂနွေနေ့မှစ၍ ရက်သတ္တပတ်၏ပထမလေးရက်အတွင်း၌ စုစုပေါင်း ၂၃ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၂,၁၀၅ ဦး ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။ ယခုထိ ကူးစက်ခံရသူစုစုပေါင်းသည် ၇,၁၀၃ ဦး ရှိပြီး သေဆုံးသူ ၁၆၃ ဦးရှိရာ ယခုအတိုင်းဆိုလျှင် လာမည့် မေလနှောင်းပိုင်းတွင် ကူးစက်ခံရသူ ၁-သိန်းဖြစ်လာဖွယ်ရှိနေသည်။
ထိုအတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံအနေဖြင့် ကူးစက်ကပ်ရောဂါ၏ အဆိုးရွားဆုံးကာလကို ရင်ဆိုင်ရန် ပြင်ဆင်ရတော့မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးကူးစက်ပျံ့နှံ့မှု များပြားလာခြင်းကို တားဆီးရန် ယခုမှစ၍ အနည်းဆုံးတစ်ပတ်ကြာမျှ တင်းကျပ်သောပိတ်ဆို့မှု Lockdown များကို ပြဌာန်းရန် ကျန်းမာရေးကျွမ်းကျင်သူများက အကြုံ ထားသည်ဆို၏။
No photo description available.
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ၂၄-နာရီအတွင်း စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သူ လူပေါင်း ၄,၉၆၈-ဦးရှိခဲ့သဖြင့် အင်္ဂါနေ့ထက် ၁၄.၆၈ ရာနှုန်းပိုများသည်။ ထို့အတူ ရောဂါပိုးကူးစက်ခံရသူမှာလည်း ၆၄၁-ဦးအထိ ထပ်မံတွေ့ရှိသူ ပိုမိုလာသည်။
ဘင်္ဂလားဒက်ရှ်အစိုးရက ခန့်မှန်းထားသည်မှာ ပထမ ၄-ပတ်တွင် လူ ၈-ဦးသေဆုံးနိုင်သည်ဟု ဖြစ်သော်လည်း အမှန်တကယ် သေဆုံးသည်က ၂၂-ဦးဖြစ်နေသည်။ ကောက်ချက်ချရလျှင် ဘင်္ဂလားဒက်ရှ်သည် ပထမဆုံးရောဂါလူနာတွေ့ရှိပြီး ၅၃ ရက်အတွင်း လူပေါင်း ၁၆၃ ဦး သေဆုံးခြင်းဖြင့် အခြားတောင် အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အသက်ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း ပြသနေသည်။
ထို့ပြင် ရောဂါကုသပျောက်ကင်းသူ အရေအတွက်မှာ ကူးစက်ခံရသူအရေအတွက်တိုးမြင့်လာမှုနှင့်ယှဉ်လျှင် ပြောင်းပြန်ဖြစ်နေသည်။ ဧပြီလ ၂၉ ရက်နေ့ အထိဘင်္ဂလားဒက်ရှ်သည် အိမ်နီးချင်းတောင်အာရှနိုင်ငံများအကြား အဆိုးရွားဆုံးသော နိုင်ငံဖြစ်ပြီး လူနာများပြန်လည်နာလန်ထူမှုနှုန်းမှာ ၂.၁၁ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။
၁၃၇-ဦး သေဆုံးသည့် ဒါကာခရိုင်သည် တစ်နိုင်ငံလုံးတွင် သေဆုံးမှုအများဆုံး ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ လွန်ခဲ့သည့် ၂၄-နာရီအတွင်း သေဆုံးသူ ၈-ဦးတွင် ၆-ဦးမှာ ဒါကာခရိုင်မှဖြစ်ပြီး ၄-ဦးမှာ အသက် ၆၀ ကျော်၊ ကျန် ၂-ဦးမှာ ၃၁-နှစ်နှင့် ၄၀ အကြား အရွယ်ရှိသူများဖြစ်သည်။
ပုဂ္ဂလိကဆေးရုံ (၃) ခုတို့သည် Covid-19 စစ်ဆေးမှုများကို အစိုးရအဖွဲ့အစည်းများနှင့်အတူ ယခုမှစ၍ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါပုဂ္ဂလိကဆေးရုံများသည် အစိုးရသတ်မှတ်ပေးသူများကို သတ်မှတ်ထားသော စျေးနှုန်းအတိုင်း စစ်ဆေးပေးရမည်ဖြစ်ကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုအဖွဲ့ DGHS က ပြောကြားသည်။
သို့သော် Covid-19 ရောဂါဖြစ်ပွားနေသူများ၏ ၁- ရာခိုင်နှုန်းကိုသာလျှင် အစိုးရဆေးရုံများတွင် အတွင်းလူနာအဖြစ် ကုသမှုပေးနိုင်ပြီး ကျန်လူနာများအား သက်ဆိုင်ရာနေအိမ်များ၌သာ နေစေ၍ ဆေးကုသ မှုဆက်လက် ဆောင်ရွက်ပေးနေသည်။
DGHS တွင် PPE တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ ၆၀,၄၀၂-စုံရှိရာ ၂၂,၄၀၂-စုံကို လွန်ခဲ့သည့် ၂၄-နာရီအတွင်း လိုအပ်သည့် ဋ္ဌာနအသီးသီးသို့ ခွဲဝေထုတ်ပေးပြီးဖြစ်ကြောင်း၊ အများပြည်သူတို့အနေဖြင့် ရေခပ်နွေးနွေးသောက်သုံးကြ၍ အလွန်အမင်းကြော်လှော်ထားသော အစာတို့ကို စားသုံးခြင်းမှ ရှောင်ကျဉ်သည့် အလေ့အထရှိစေလိုကြောင်း၊ အထူးအရေးကြီးသည်မှာ Lockdown တားဆီးပိတ်ဆို့ထားရစဉ်အတွင်း ဆယ်ကျော်သက်နှင့် ကလေးငယ်များ အထီးကျန်ဒုက္ခရောက်နေခြင်းကို သတိပြုသင့်ကြောင်း၊ မိမိတို့၏စိတ်ကျန်းမာရေးကို အလေးထားဂရုကြပါရန် တိုက်တွန်းကြောင်း DGHS ညွှန်ကြား ရေးမှူးက ပြောဆိုသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံးစတင်ဖြစ်ပွားသည့် Covid-19 ရောဂါသည် ယခုအခါ ကမ္ဘာအနှံ့ ကူးစက်လျှက်ရှိရာ လူပေါင်း ၃-သန်း ၁-သိန်းကျော်တွင် သေစေနိုင်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ဆုံးရသူ ၂-သိန်း ၂-သောင်းကျော် ရှိနေပြီဖြစ်ကြောင်း Worldometer ၏ မှတ်တမ်းများအရ သိရှိရသည်။
Source : Dhaka Tribune., April 29th, 2020
” Coronavirus: Bangladesh prepares for the worst of the pandemic. Kohinur Khyum Tithila and Fahim Reza Shovon.”
Crd : HtayOung / OungMarine

0 comments:

Post a Comment