COVID-19 ကူးစက်ခံနေရသူများအား ပိုးသတ်ဆေးထိုးရန် အမေရိကန်သမ္မတ ထရမ့်က အကြံပြုခဲ့ခြင်းနှင့်ပတ်သက် ၍့ ဆေးဖက်ဆိုင်ရာပညာရှင်များက ဝေဖန်ပြစ်တင်နေကြသည်။
သမ္မတထရမ့်က အကယ်၍ COVID-19 ကူးစက်ခံနေရသူလူနာများအား ခရမ်းလွန်ရောင်ခြည်ထိုး၍ ပိုးသတ်ခြင်း(သို့) ကိုယ်တွင်းသို့ ပိုးသတ်ဆေးထိုးခြင်းဖြင့် ကုသကြည့်ပါက စိတ်ဝင်စားဖွယ်ကောင်းမည်ဟု ကြာသပ တေးနေ့က ပြုလုုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နောက်နေ့တွင်မူ ထိုသို့ပြောကြားခဲ့ခြင်းမှာ သရော်၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင် း သတင်းထောက်များအား သူကပြောသည်။
သို့ရာတွင် သူ၏ ပြောကြားချက်အပေါ် ဆရာဝန်များနှင့် ဆေးဖက်ဆိုင်ရာပညာရှင်များက ဝေဖန်ပြစ်တင်လျှက်ရှိကြသည်။ ထိုသို့ ပိုးသတ်ဆေးထိုးခြင်းသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များအပေါ် အထူးအန္တရာယ်ရှိကြောင်း ဆရာဝန်များနှင့် ဆေးဖက်ဆိုင်ရာပညာရှင်များက ရှင်းပြလျှက်ရှိကြသည်။ အိမ်သန့်ရှင်းရေးပစ္စည်းထုတ ်လုပ်ရောင်းချသူများကလည်း ပြည်သူများအနေဖြင့် ထရမ့်ပြောသည့်အတိုင်း ပိုးသတ်ဆေးများ ကိုယ်တွင်းသို့ မထိုးကြရန် တိုက်တွန်းလျှက်ရှိကြသည်။
သမ္မတထရမ့်၏ ပြောကြားချက်နှင့်ပတ်သက်၍ ဒေသခံများက အရေးပေါ်ဖုန်းလိုင်းသို့ ခေါ်ဆို စုံစမ်းမေးမြန်းမှု ၁၀၀ ကျော်ခန့်ရှိကြောင်း မေရီလင်းပြည်နယ် အာဏာပိုင်များကပြောသည်။
ထို့ကြောင့် မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ မိမိတို့၏ ခန္ဓာကိုယ်တွင်းသို့ ပိုးသတ်ဆေးများကိုထိုးသွင်း ခြင်းဖြင့်ဖြစ်စေ အခြားမည်သည့်နည်းလမ်းနှင့်ဖ ြစ်စေ ဝင်ရောက်စေခြင်းများမပြုလုပ ်ကြရန်ကို မေရီလင်းပြည်နယ်အစိုးရက တွစ်တာမှနေ၍ သတိပေးပြောကြားခဲ့ရသည်။
ယခင် ဒုတိယသမ္မတဟောင်းလည်းဖြစ်၊ ယခု ဒီမိုကရက်တစ်ပါတီ၏ သမ္မတကိုယ်စားလှယ်လောင်းလည် းဖြစ်သူ ဂျိုးဘိုင်ဒင်က ”အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးဟာ ရယ်စရာဟာသ မဟုုတ်ပါဘူး သမ္မတကြီးခင်ဗျား”ဟု သူ၏ တရားဝင်တွစ်တာအကောင့်တွင်ရေ းသားခဲ့သည်။
Ref ; Popular
<zawgyi>
COVID-19 ကူးစက်ခံနေရသူများအား ပိုးသတ်ဆေးထိုးရန် သမ္မတ ထရမ့် အကြံပြုခဲ့ခြင်းအပေါ် ဆေးဖက်ဆိုင်ရာပညာရှင်များ ဝေဖန်ပြစ်တင်
Sunday, April 26, 2020
COVID-19 ကူးစက်ခံနေရသူများအား ပိုးသတ်ဆေးထိုးရန် အမေရိကန်သမ္မတ ထရမ့်က အကြံပြုခဲ့ခြင်းနှင့်ပတ်သက် ၍့ ဆေးဖက်ဆိုင်ရာပညာရှင်များက ဝေဖန်ပြစ်တင်နေကြသည်။
သမ္မတထရမ့်က အကယ်၍ COVID-19 ကူးစက်ခံနေရသူလူနာများအား ခရမ်းလွန်ရောင်ခြည်ထိုး၍ ပိုးသတ်ခြင်း(သို့) ကိုယ်တွင်းသို့ ပိုးသတ်ဆေးထိုးခြင်းဖြင့် ကုသကြည့်ပါက စိတ်ဝင်စားဖွယ်ကောင်းမည်ဟု ကြာသပ တေးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နောက်နေ့တွင်မူ ထိုသို့ပြောကြားခဲ့ခြင်းမှာ သရော်၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင် း သတင်းထောက်များအား သူကပြောသည်။
သို့ရာတွင် သူ၏ ပြောကြားချက်အပေါ် ဆရာဝန်များနှင့် ဆေးဖက်ဆိုင်ရာပညာရှင်များက ဝေဖန်ပြစ်တင်လျှက်ရှိကြသည်။ ထိုသို့ ပိုးသတ်ဆေးထိုးခြင်းသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များအပေါ် အထူးအန္တရာယ်ရှိကြောင်း ဆရာဝန်များနှင့် ဆေးဖက်ဆိုင်ရာပညာရှင်များက ရှင်းပြလျှက်ရှိကြသည်။ အိမ်သန့်ရှင်းရေးပစ္စည်းထုတ် လုပ်ရောင်းချသူများကလည်း ပြည်သူများအနေဖြင့် ထရမ့်ပြောသည့်အတိုင်း ပိုးသတ်ဆေးများ ကိုယ်တွင်းသို့ မထိုးကြရန် တိုက်တွန်းလျှက်ရှိကြသည်။
သမ္မတထရမ့်၏ ပြောကြားချက်နှင့်ပတ်သက်၍ ဒေသခံများက အရေးပေါ်ဖုန်းလိုင်းသို့ ခေါ်ဆို စုံစမ်းမေးမြန်းမှု ၁၀၀ ကျော်ခန့်ရှိကြောင်း မေရီလင်းပြည်နယ် အာဏာပိုင်များကပြောသည်။
ထို့ကြောင့် မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ မိမိတို့၏ ခန္ဓာကိုယ်တွင်းသို့ ပိုးသတ်ဆေးများကိုထိုးသွင်း ခြင်းဖြင့်ဖြစ်စေ အခြားမည်သည့်နည်းလမ်းနှင့်ြ ဖစ်စေ ဝင်ရောက်စေခြင်းများမပြုလုပ ်ကြရန်ကို မေရီလင်းပြည်နယ်အစိုးရက တွစ်တာမှနေ၍ သတိပေးပြောကြားခဲ့ရသည်။
ယခင် ဒုတိယသမ္မတဟောင်းလည်းဖြစ်၊ ယခု ဒီမိုကရက်တစ်ပါတီ၏ သမ္မတကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဂျိုးဘိုင်ဒင်က ”အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးဟာ ရယ်စရာဟာသ မဟုတ်ပါဘူး သမ္မတကြီးခင်ဗျား”ဟု သူ၏ တရားဝင်တွစ်တာအကောင့်တွင်ရေ းသားခဲ့သည်။
Ref ; Popular
0 comments:
Post a Comment