Thursday, April 30, 2020

ကလေးများတွင်တွေ့ရသော COVID-19 ရောဂါ၏ဆိုးကျိုးသည် ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း WHO ပြောကြား

Image may contain: 1 person, text

COVID-19 ရောဂါဖြစ်ပွားသောကလေးအများစုသည် ပြန်လည်ကောင်းမွန် လာကြသော်လည်း အချို့သောနိုင်ငံများမှ ကူးစက်ခံထားရသော ကလေးအနည်းငယ် တွင် ရှားပါသောရောင်ရမ်းမှုရောဂါလက္ခဏာတစ်ခုကိုတွေ့ရှိရကြောင်း ဧပြီလ ၂၉ ရက် တွင် WHO မှပြောကြားခဲ့ပါသည်။

ဗြိတိန်နိုင်ငံနှင့် အီတလီနိုင်ငံတို့မှ ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် ဆေးရုံသို့ ရောက်ရှိလာသော မွေးကင်းစကလေးငယ်များတွင် ဖြစ်ပေါ်နေသောပြင်းထန်သည့် ရောင်ရမ်းခြင်း လက္ခဏာများနှင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါတို့အကြား ဖြစ်နိုင်ခြေရှိသည့် ဆက်နွှယ်မှုတစ်ခုကို စူးစမ်းလေ့လာနေကြပါသည်။
အမေရိကန်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရသော ကလေးငယ်သုံးဦး သည် ရှားပါးသောရောင်ရမ်းရောဂါကိုခံစားနေရပြီး ကုသမှုခံယူနေကြရပါသည်။ ဗြိတိန်၊ အီတလီနှင့် စပိန်နိုင်ငံတို့မှလည်း ၎င်းနှင့်လက္ခဏာတူသည့်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများမြှင့်တက်နေကြောင်း ဆေးကုသပေးနေသည့်အထူးကုတစ်ဦးမှ Reuters သတင်းဌာနသို့ပြောကြားခဲ့ပါသည်။
မိမိအနေဖြင့် ကိုဗစ်ကူးစက်ခံထားရသည့် ကလေးငယ်အများစုသည် ရောဂါ လက္ခဏာကို အပြည့်အဝခံစားရမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ကို ပြင်ပရှိမိဘများအားလုံးအား အထူးအလေးပေးပြောကြားလိုကြောင်း WHO ၏ ထိပ်တန်းအရေးပေါ်အခြေအနေကျွမ်းကျင်သူ ဒေါက်တာ Mike Ryan မှ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။
ဒေါက်တာ Mike Ryan သည် ဗိုင်းရပ်စ်တိုက်ဖျက်သည့်ဆေးဝါး remdesivir သည် COVID-19 ကိုကုသရာတွင် အထောက်အကူပြုနိုင်ကြောင်း အစီရင်ခံမှုများကို ၎င်းမှ ငြင်းပယ်ခဲ့ပါသည်။သို့ရာတွင် အခြားသူများသည် အဆိုပါဆေးဖြင့် COVID-19 ကိုကုသရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟုမျှော်လင့်နေကြကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၃.၁၁ သန်းကျော် ရှိခဲ့ပြီး သေဆုံးမှုပေါင်း၂၁၆,၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
Image may contain: one or more people
Source ; Reuters
"COVID-19 complication seen in children is 'rare', WHO says "

0 comments:

Post a Comment