Thursday, April 30, 2020

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသား (၉၆)ဦးအား ပြန်လည်ပို့ဆောင်မည်ဖြစ်

Image may contain: 1 person, sitting

ကမ္ဘာ့တစ်ဝှမ်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက် ပြန့်ပွားနေသည့် ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေအပြီး ပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား Relief Flight များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်မှုဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် စီစဉ် ဆောင်ရွက်ခဲ့ရာ ၃၀-၄-၂၀၂၀ ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသား (၉၆)ဦးအား ပို့ဆောင်ပေးခဲ့ပါသည်။
ထိုသို့ ပို့ဆောင်ရာတွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ် လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် သံအမတ်ကြီးဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းမြန်မာနိုင်ငံသား (၉၆)ဦးမှာ ဆရာတော် (၁)ပါး၊ သင်္ဘောသား(၃၅)ဦး၊ ကျောင်းသူ (၂)ဦးနှင့် EPS လုပ်သား (၅၈)ဦး၊ စုစုပေါင်း (၉၆)ဦးတို့ဖြစ်ပါသည်။ သွားရောက်ခွင့်ရှိသူများအား စိစစ်ဆောင်ရွက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိပိတ်မိနေသည့် သင်္ဘောသားများ၊ ကျန်းမာရေးမကောင်းသူများ၊ အလုပ်စာချုပ်ပြည့်မြောက်ပြီး နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသူ များ၊ တရားမဝင်နေထိုင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်ထွက်ခွာရန် လိုအပ်နေသူများနှင့် သံရုံးသို့ သတင်းပို့မှုအစဉ်အလိုက်ဇယားများအပေါ် အခြေခံ၍စိစစ်ကာ ဦးစားပေးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
Image may contain: one or more people
Image may contain: one or more people and people standing

Crd : Myanmar Embassy, Seoul #Myanmar_Online_News

0 comments:

Post a Comment