Sunday, April 26, 2020

မင်းရာဇာအမှုမှ အိမ်အကူမိန်းကလေး ဆေးရုံမှဆင်း

Image may contain: 2 people, people sitting, fire, night and indoor

သရုပ်ဆောင် မင်းရာဇာအမှုမှ ညှင်းပန်းနှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးသည် ဧပြီ ၂၄ ရက်တွင် ကျန်းမာရေးအခြေအနေသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဒေါ်နော်အုန်းလှတို့က ကြည့်ရှုစောင့်ရှောက်ပေးထားပါတယ်။
အဆိုပါ မိန်းကလေးသည် ခန္ဓာကိုယ်အောက်ပိုင်းတွင် အက်စစ်ဖြင့် ပက်ခံရသည့် လောင်ကျွမ်းဒဏ်ရာနှင့် ဦးခေါင်းအား တူဖြင့်ထုရိုက်သည့် သွေးထွက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ဧပြီ ၇ ရက်တွင် မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှု စတင်ခံယူခဲ့ရသည်။
အဆိုပါ အမှုကို လာမည့် မေလ၊ ဒုတိယအပတ်တွင် စတင်စစ်ဆေးရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
" ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က မင်းရာဇာကို တာမွေမှာ ရမန်ယူတယ်လို့ ကြားပါတယ်။ နောက်တစ်ပတ်က မေ ၇ ရက်နေ့ပေါ့။ မြောက်ဥက္ကလာမှာကတော့ ဧပြီ ၂၁ ရက်က ရမန်ယူတော့ ပြည့်မှာက မေ ၅ ရက်ပါ။ အမှုက မေလ ဒုတိယအပတ်မှာ စစစ်မှာပါ"ဟု ၎င်းက ပြောသည်။
အဆိုပါအမှုတွင် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာကို တာမွေမြို့မရဲစခန်း၌ ပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူ မဖူးငုံပွင့်(ခ)ဇူးဇူး၊ ယောက္ခမဖြစ်သူကိုလည်း မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်း၌ ပုဒ်မ -၃၂၄ /၃၂၅ /၃၅၄ /၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Crd-စံတော်ချိန် #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment