Sunday, April 26, 2020

ဘယ်လ်ဂျီယမ်နိုင်ငံမှာ COVID-19 လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမီးဖွား

Image may contain: one or more people and people sitting

ဘယ်လ်ဂျီယမ်နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ မိခင်ကနေ ကလေးတစ်ဦးကို ဧပြီ ၂၃ မှာ အောင်မြင်စွာ ဗိုက်ခွဲမွေးဖွားပေးနိုင်ခဲ့ပြီး ကလေးဟာ ကျန်းမာတယ်လို့ သိရပါတယ်။

ဆရာဝန်တွေက ခွဲစိတ်မှု အောင်မြင်ပြီး နှစ်မိနစ်အကြာမှာ ကလေးနဲ့ မိခင်ကို ခွဲထားခဲ့ပါတယ်။ မိခင်ဖြစ်တဲ့ အာမန်ဒိုင်းဟာ ကလေး နှစ်ယောက်မိခင်လည်း ဖြစ်ပါတယ်။ ကလေးမှာ COVID-19 နဲ့ ဆက်စပ်တဲ့ လက္ခဏာတွေ မရှိဘူးသော်လည်း ဆရာဝန်တွေကတော့ မွေးကင်းစကလေးကို ဗိုင်းရပ်စ် ကူးစက်ခံ ရမှု ရှိ၊ မရှိ နောက်ပိုင်းမှာ စစ်ဆေးမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့ တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပြီး ကိုယ့်မွေးကင်းစကလေးကို ပုံမှန်အတိုင်း နို့တိုက်ပြုစုသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆေးသုတေသနဂျာနယ် လန့်ဆက်မှာ ဖော်ပြခဲ့တဲ့ သုတေသနတခုမှာလည်း တရုတ်ပြည်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မီးဖွားလိုက်တဲ့ကလေးကို ကူးစက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ရိုက်တာသတင်းက ဧပြီ ၂၆ ရက်မှာ ရေးသားထားပါတယ်။
Crd-dvb #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment