Sunday, April 26, 2020

ဗီယက်နမ်တွင် ရက်အတန်ကြာသည်အထိ COVID-19 အသစ်ကူးစက်သူ မတွေ့ရှိပြီးနောက် ကူးစက်သူ အသစ်၂ ဦး တွေ့ရှိ

Image may contain: one or more people, motorcycle and outdoor

ဗီယက်နမ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာအသစ် ၂ ဦးကိုတွေ့ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်နေ့က ကြေညာခဲ့ကြောင်း သိရပါသည်။

ရက်အတန်ကြာသည်အထိ အသစ်ကူးစက်သူ မတွေ့ရှိပဲနေရာမှ ယခုကဲ့သို့ လူနာသစ် ၂ ဦးကို ထပ်မံတွေ့ရှိသဖြင့် ကူးစက်သူ စုစုပေါင်း ၂၇၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။ ယခုတွေ့ရှိသော အတည်ပြုလူနာသစ် ၂ ဦးမှာ ဂျပန်နိုင်ငံမှ ဗုဒ္ဓဟူးနေ့က ပြန်လည်ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံသား ကျောင်းသား ၂ ဦးဖြစ်ပြီး၊ လေဆိပ်မှရောက်သည်နှင့် အသွားအလာကန့်သတ်ထားစဉ်တွင် ယခုကဲ့သို့စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။
ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်အထိ လူပေါင်း ၂သိန်းကျော်ကို COVID-19 စစ်ဆေးခဲ့ပြီး၊ သက်သာပျောက်ကင်းသူ ၂၂၅ ဦးရှိကာ သေဆုံးသူ မရှိခဲ့ချေ။
Source: The Star online Crd-Popular News Journal #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment