Sunday, April 26, 2020

Covid-19 လူနာအမှတ်စဉ်-၁၄၅ ကို တိုင်းကျန်းမာရေးအဖွဲ့မှ လာရောက်ခေါ်ဆောင်

Image may contain: one or more people, tree, outdoor and nature

COVID-19 လူနာအမှတ် ၁၄၅ သည် အပူချိန်တိုင်းသည့် သူနာပြုလေးဦးမှအပ ဒေသခံမည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့ပတ်သက်ခြင်း (သို့မဟုတ်) ကူးလူးဆက်စပ်ခြင်းမရှိပါ။ သီးသန့်အခန်းတစ်ခန်းတည်း၌ တစ်ဦးတည်းနေသူ ဖြစ်ပါသည်။

၎င်း၏ ဇနီး နှင့် သမီးသည် အခြားသီးသန့်ခန်း၌ နေပါသည်။ သီတဂူအာယုဒါနဆေးရုံတော်မှ သူနာပြု ၂ ဦး၊ ခရိုင်ကျန်းမာရေးလက်အောက် ကျေးလက်ကျန်းမာရေးဌာနမှ သူနာပြု ၂ ဦးတို့သည် PPE ဝတ်စုံဖြင့် နေ့စဉ် တနေ့ ၂ ကြိမ် အပူချိန် တိုင်းသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ လမ်းညွှန်ချက်များ၊ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဌာန မှ အနီးကပ် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာခဲ့ပါသည်။
လူနာအမှတ် ၁၄၅ နှင့် Quarantine ဝင်ကြသူ အားလုံး၏ ကျန်းမာရေးအခြေအနေမှာ လူကောင်းပကတိကဲ့သို့ တည်ငြိမ်ပါသည်။
ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပါသည်။
လူနာ ခေါ်ဆောင်သွားသည့် လမ်းတစ်လျှောက် ထပ်ကြပ်မကွာ ပိုးသတ်ဆေး ဖြန်းသည့် ကားကိုလည်း မြင်တွေ့လိုက်ရသည်။
Image may contain: one or more people, tree and outdoor
Ashin Kumara
သီတဂူဒေါက်တာအရှင်ကုမာရ
လက်ထောက်ပါမောက္ခချုပ်ဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

>>zawgyi<<
Covid-19 လူနာအမှတ်စဉ်-၁၄၅ ကို တိုင်းကျန်းမာရေးအဖွဲ့မှ လာရောက်ခေါ်ဆောင်
Sunday, April 26, 2020

COVID-19 လူနာအမှတ် ၁၄၅ သည် အပူချိန်တိုင်းသည့် သူနာပြုလေးဦးမှ အပ ဒေသခံ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့ပတ်သက်ခြင်း (သို့မဟုတ်) ကူးလူးဆက်စပ်ခြင်း မရှိပါ။ သီးသန့်အခန်းတစ်ခန်းတည်း၌ တစ်ဦးတည်း နေသူ ဖြစ်ပါသည်။
၎င်း၏ ဇနီး နှင့် သမီးသည် အခြားသီးသန့်ခန်း၌ နေပါသည်။ သီတဂူအာယုဒါနဆေးရုံတော်မှ သူနာပြု ၂ ဦး၊ ခရိုင်ကျန်းမာရေးလက်အောက် ကျေးလက်ကျန်းမာရေးဌာနမှ သူနာပြု ၂ ဦးတို့သည် PPE ဝတ်စုံဖြင့် နေ့စဉ် တနေ့ ၂ ကြိမ် အပူချိန် တိုင်းသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ လမ်းညွှန်ချက်များ၊ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဌာန မှ အနီးကပ် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာခဲ့ပါသည်။
လူနာအမှတ် ၁၄၅ နှင့် Quarantine ဝင်ကြသူ အားလုံး၏ ကျန်းမာရေးအခြေအနေမှာ လူကောင်းပကတိကဲ့သို့ တည်ငြိမ်ပါသည်။
ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပါသည်။
လူနာ ခေါ်ဆောင်သွားသည့် လမ်းတစ်လျှောက် ထပ်ကြပ်မကွာ ပိုးသတ်ဆေး ဖြန်းသည့် ကားကိုလည်း မြင်တွေ့လိုက်ရသည်။
Ashin Kumara
သီတဂူဒေါက်တာအရှင်ကုမာရ
လက်ထောက်ပါမောက္ခချုပ်ဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

0 comments:

Post a Comment