Wednesday, April 29, 2020

ပါကစ္စတန်တွင် ကျန်းမာရေးဝန်ထမ်း ၄၈၀ ခန့် COVID-19ရောဂါ ကူးစက်ခံနေရ

Image may contain: one or more people and people sitting

ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ ၁၅ ၀၀၀ ကျော်ရှိတဲ့ ထဲမှာ ကျန်းမာရေးလုပ်သားက ၄၈၀ လောက်ရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ၃၃၅ ဦးထဲမှာ ဆရာဝန် အနည်းဆုံး ၃ ဦးပါနေတယ်လို့ ပါကစ္စတန် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဖေဖေါ်ဝါရီလ နှောင်းပိုင်းလောက်ကမှ စပြီး ဒီရောဂါဖြစ်ပွါးလာတဲ့ ပါကစ္စတန်မှာ အခု ကျန်းမာရေးဝန်ထမ်း ၅၀၀ နီးပါး ဒီရောဂါပိုး အကူးစက်ခံနေရတာဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဒီရောဂါတိုက်ဖျက်ရေးအတွက် ပါကစ္စတန်အစိုးရ မကြာသေးခင်ကမှ ထူထောင်လိုက်တဲ့ ဗဟိုဌာန NCOC မှာ ကျန်းမာရေး ဝန်ကြီး Zafar Mirza က သတင်းထောက်တွေကို ပြောပါတယ်။
ပါကစ္စတန်မှာ ဆရာဝန် ၂၂၀ ၀၀၀ ကျော်ရှိပြီး သူနာပြုက တသိန်းခွဲ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတဝှမ်း ရောဂါရှင်တွေကို အန္တရာယ်ကြားကနေ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဒီကျန်းမာရေး လုပ်သားတွေ လိုအပ်တဲ့ တကိုယ်ရေ ကာကွယ်ရေး ဝတ်စုံတွေ ပစ္စည်းတွေ မပြတ်အောင် လုပ်ပေးနေပြီး လောလောဆယ်မှာတော့ ဒီရောဂါရှင်တွေနဲ့ တိုက်ရိုက် ထိတွေ့ကုသပေးနေသူတွေကို အဓိက ပံ့ပိုးပေးနေတတယ်လို့လည်း Mirza က ပြောပါတယ်။
ဒါ့အပြင် ဒီရောဂါရှင်တွေကို ကုသရင်း အသက်ပေးခဲ့ကြရတဲ့ ဒီကျန်းမာရေး လုပ်သားတွေကို အာဇာနည်တွေ အဖြစ်နဲ့ သတ်မှတ်ပြီး သူတို့ရဲ့ မိသားစုတွေအတွက် နစ်နာကြေး ချီးမြှင့်မယ့် နိုင်ငံတော်အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။
ပါကစ္စတန်မှာ ရက်ပိုင်းအတွင်း ဒီရောဂါ အကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် တဟုန်ထိုး တိုးလာတယ်လို့လည်း NCOC အကြီးအကဲ ဖြစ်တဲ့ အစိုးရအဖွဲ့ဝန်ကြီး Asad Umar က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ဒီရောဂါပိုးကူးစက်မှုရှိမရှိ. စစ်ဆေးမှုကို အရင်က တနေ့ကို လူ ၅၀၀ တောင်မစစ်ဆေး နိုင်တဲ့ အခြေနေကနေ အခု တနေ့ကို လူ ၈၅ ၀၀၀ လောက် ဆေးစစ်နိုင်ခဲ့ တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
Image may contain: one or more people, people sitting and outdoor
Image may contain: people sitting and indoor
Image may contain: 1 person, standing
Crd : VOA
>>Zawgyi<<
ပါကစ္စတန်တွင် ကျန်းမာရေးဝန်ထမ်း ၄၈၀ ခန့် COVID-19ရောဂါ ကူးစက်ခံနေရ
Thursday, April 30, 2020

ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ ၁၅ ၀၀၀ ကျော်ရှိတဲ့ ထဲမှာ ကျန်းမာရေးလုပ်သားက ၄၈၀ လောက်ရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ၃၃၅ ဦးထဲမှာ ဆရာဝန် အနည်းဆုံး ၃ ဦးပါနေတယ်လို့ ပါကစ္စတန် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဖေဖေါ်ဝါရီလ နှောင်းပိုင်းလောက်ကမှ စပြီး ဒီရောဂါဖြစ်ပွါးလာတဲ့ ပါကစ္စတန်မှာ အခု ကျန်းမာရေးဝန်ထမ်း ၅၀၀ နီးပါး ဒီရောဂါပိုး အကူးစက်ခံနေရတာဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဒီရောဂါတိုက်ဖျက်ရေးအတွက် ပါကစ္စတန်အစိုးရ မကြာသေးခင်ကမှ ထူထောင်လိုက်တဲ့ ဗဟိုဌာန NCOC မှာ ကျန်းမာရေး ဝန်ကြီး Zafar Mirza က သတင်းထောက်တွေကို ပြောပါတယ်။
ပါကစ္စတန်မှာ ဆရာဝန် ၂၂၀ ၀၀၀ ကျော်ရှိပြီး သူနာပြုက တသိန်းခွဲ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတဝှမ်း ရောဂါရှင်တွေကို အန္တရာယ်ကြားကနေ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဒီကျန်းမာရေး လုပ်သားတွေ လိုအပ်တဲ့ တကိုယ်ရေ ကာကွယ်ရေး ဝတ်စုံတွေ ပစ္စည်းတွေ မပြတ်အောင် လုပ်ပေးနေပြီး လောလောဆယ်မှာတော့ ဒီရောဂါရှင်တွေနဲ့ တိုက်ရိုက် ထိတွေ့ကုသပေးနေသူတွေကို အဓိက ပံ့ပိုးပေးနေတတယ်လို့လည်း Mirza က ပြောပါတယ်။
ဒါ့အပြင် ဒီရောဂါရှင်တွေကို ကုသရင်း အသက်ပေးခဲ့ကြရတဲ့ ဒီကျန်းမာရေး လုပ်သားတွေကို အာဇာနည်တွေ အဖြစ်နဲ့ သတ်မှတ်ပြီး သူတို့ရဲ့ မိသားစုတွေအတွက် နစ်နာကြေး ချီးမြှင့်မယ့် နိုင်ငံတော်အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။
ပါကစ္စတန်မှာ ရက်ပိုင်းအတွင်း ဒီရောဂါ အကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် တဟုန်ထိုး တိုးလာတယ်လို့လည်း NCOC အကြီးအကဲ ဖြစ်တဲ့ အစိုးရအဖွဲ့ဝန်ကြီး Asad Umar က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ဒီရောဂါပိုးကူးစက်မှုရှိမရှိ. စစ်ဆေးမှုကို အရင်က တနေ့ကို လူ ၅၀၀ တောင်မစစ်ဆေး နိုင်တဲ့ အခြေနေကနေ အခု တနေ့ကို လူ ၈၅ ၀၀၀ လောက် ဆေးစစ်နိုင်ခဲ့ တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
Crd : VOA

0 comments:

Post a Comment