Sunday, April 26, 2020

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ဝတ်ပြုဆုတောင်းပွဲ တားမြစ်ထားသော်လည်း လူရာချီတက်ရောက်

Image may contain: one or more people, crowd and outdoor

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် လူစုလူဝေး လုပ်တာတွေကို တားမြစ်ထားပေမယ့် အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့မှာတော့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတခုကို လူရာနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂူဇာဂါရ် ဗလီရဲ့ ရှေ့ဆောင် အီမန်ဆရာဖြစ်သူ ဘာသာရေးဆရာ အန်စာရီက အမေရိကန်နဲ့ အီတလီမှာ ၂၄ နာရီအတွင်း လူပေါင်း ထောင်ချီ၊ ရာချီသေဆုံးခဲ့ပေမဲ့ အာဖဂန်မှာတော့ ပထမဆုံးနေ့ ကနေ အခုထိ သေဆုံးသူ ၄၀ ပဲ ရှိသေးတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ အာဖဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းအရ စနေနေ့ ဧပြီ ၂၅ အထိ ၄၇ ဦးရှိနေပါပြီ။ အာဖဂန်မှာ အစိုးရက လူတွေကို ဗိုင်းရပ်စ်ကူးစက်ခံရမှုက ကာကွယ်နိုင်အောင် လူချင်း ခွဲနေဖို့ ဆွဲဆောင်ပေမယ့် လူထုကြား လိုက်နာမှု အားနည်းနေဆဲပါ။
အာဖဂန်မှာ COVID-19 အတည်ပြုလူနာဦးရေ ၁၄၀၀ ကျော်ရှိထားပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုများနိုင်မယ်လို့ ပြောဆိုထားပါတယ်။
အာဖဂန်ရဲ့ အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း ဗိုင်းရပ်စ်ပြန့်ပွားမှုများ လာရင် ရုန်းကန်ရဖွယ်ရှိတယ်လို့ ရိုက်တာသတင်းက ဧပြီ ၂၆ မှာ ရေးသားပါတယ်။
Ref-DVB #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment