Sunday, April 26, 2020

ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးမှာ မြန်မာကို ကူညီမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးပြော

Image may contain: 1 person

တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe က မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းကို သောကြာနေ့က တယ်လီဖုန်းကတဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ကိုရိုနာကပ်ရောဂါကာကွယ်ရေး ဆွေးနွေးခဲ့တယ်လို့ တရုတ် ဆင်ဟွာသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ကပ်ရောဂါကာကွယ်ရေး အကူအညီပေး ပူးပေါင်း ဆောင်ရွက်မယ့်ဆန္ဒရှိပြီး နယ်စပ်ဒေသမှာ ကပ်ရောဂါ မပြန့်ပွားအောင် ကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာကာကွယ်ရေးဝန်ကြီးကလည်း တရုတ်နိုင်ငံပံ့ပိုးမှု၊ ကူညီမှုနဲ့ ပတ်ဝန်းကျင်က ကပ်ရောဂါဘေးကို ရှင်းလင်းပေးခဲ့တာကို ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ တရုတ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။
Crd-RFA #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment