Sunday, April 26, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စက်တင်ဘာလလောက်ထုတ်နိုင်ဖွယ်ရှိ

Image may contain: one or more people

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စက်တင်ဘာလလောက် စတင်အသုံးပြုနိုင်တော့မယ်လို့ တရုတ်ကျန်းမာရေး ထိပ်တန်းအရာရှိတစ်ဦးက ဆိုပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဌာန(CDC) ခေါင်း ဆောင်လည်း ဖြစ်သလို တရုတ်နိုင်ငံရဲ့ဗိုင်းရပ်စ် သုတေသီတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာဂေါင်ဖူက စက်တင်ဘာလလောက်ကျရင် ကာကွယ်ဆေးအသုံးပြုနိုင်လောက်တဲ့အဆင့်ကို ရောက်လာနိုင်ပေမယ့် အရေးပေါ် အသုံးပြုဖို့လောက်ပဲဖြစ်ဦးမယ်လို့ဆိုပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူပေါင်း အယောက်နှစ်သိန်းနီးပါး ရှိနေပါပြီ။ ကာကွယ်ဆေးဖော်စပ်နိုင်ဖို့ တစ်နှစ်ကနေ တစ်နှစ်ခွဲလောက်အထိ အချိန်ယူရဦးမယ်လို့ ဆေးဝါသုတေသီတွေက ပြောထားပေမယ့် တရုတ်ကျန်းမာရေးအရာရှိတွေကတော့ ဒီနှစ်မကုန်ခင်ကို ကာကွယ်ဆေးဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ref ; The Standard Time Daily
<zawgyi>
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စက်တင်ဘာလလောက်ထုတ်နိုင်ဖွယ်ရှိ
Sunday, April 26 , 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စက်တင်ဘာလလောက် စတင်အသုံးပြုနိုင်တော့မယ်လို့ တရုတ်ကျန်းမာ ရေး ထိပ်တန်းအရာရှိတစ်ဦးက ဆိုပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဌာန(CDC) ခေါင်း ဆောင်လည်း ဖြစ်သလို တရုတ်နိုင်ငံရဲ့ဗိုင်းရပ်စ် သုတေသီတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာဂေါင်ဖူက စက်တင်ဘာလလောက်ကျရင် ကာကွယ်ဆေးအသုံးပြုနိုင်လောက်တဲ့အဆင့်ကို ရောက်လာနိုင်ပေမယ့် အရေးပေါ် အသုံးပြုဖို့လောက်ပဲဖြစ်ဦးမယ်လို့ဆိုပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူပေါင်း အယောက်နှစ်သိန်းနီးပါး ရှိနေပါပြီ။ ကာကွယ်ဆေးဖော်စပ်နိုင်ဖို့ တစ်နှစ်ကနေ တစ်နှစ်ခွဲလောက်အထိ အချိန်ယူရဦးမယ်လို့ ဆေးဝါသုတေသီတွေက ပြောထားပေမယ့် တရုတ်ကျန်းမာရေးအရာရှိတွေကတော့ ဒီနှစ်မကုန်ခင်ကို ကာကွယ်ဆေးဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ref ; The Standard Time Daily

0 comments:

Post a Comment