Saturday, April 25, 2020

COVID-19 ရောဂါပိုးကင်းစင်လာသူ (၁၀)ဦး ရှိလာပြီး ယနေ့အတွက် ထပ်တိုးလူနာမရှိကြောင်း သတင်းထုတ်ပြန်

No photo description available.

၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။

၂။ (၂၅-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄) ဦး ရှိပြီဖြစ်ပါသည်။
၃။ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာအမှတ် (Case-027) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး၊ ၎င်းထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ နှစ်ကြိမ် ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ (၁၀)ဦး ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅) ဦးရှိပါသည်။
၄။ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် အထူးကြပ် မတ်ကုသမှု ခံယူလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသူ (၁)ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၅။ (၂၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၀)ဦး ရှိပါသည်။
No photo description available.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
<zawgyi>

0 comments:

Post a Comment