Thursday, April 30, 2020

နေတိုးအုပ်စုရဟတ်ယာဉ် ဂရိနိုင်ငံအနီးရေပြင်တွင် ပျက်ကျမှုဖြစ်ပွား

No photo description available.

နေတိုးအုပ်စုမှ ရဟတ်ယာဉ်တစ်စီး NATO helicopter ဟာ အိုင်အိုနီးရန်းပင်လယ်၊ ကယ်ဖာလိုးနီးယားဒေသမှာရှိတဲ့ ဂရိကျွန်းစုတွေနားမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်နေ့တုန်းက မတော်တဆ ပျက်ကျမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အနီးဝန်းကျင်မှာရှိတဲ့ အီတလီရေတပ် ဖရီဂိတ်၊ တူရကီရေတပ် ဖရီဂိတ်နဲ့ နေတိုးအုပ်စုဝင် စစ်သင်္ဘောတွေကနေပြီး အမြန်ဆုံးဆောင်ရွက်ခဲ့ကြပါတယ်။ရဟတ်ယာဉ်ရဲ့ အပျက်အစီး အပိုင်းအစအချို့ကို ကယ်ဖာလိုးနီးယားဒေသနဲ့ ၈၅ ကီလိုမီတာအကွာရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ လူစုစုပေါင်း ၆ ဦး လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

ကနဦးထုတ်ပြန်ကြေငြာချက်အရ တစ်ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ရဟတ်ယာဉ်ဟာ ကနေဒါရေတပ်ဖရီဂိတ် Canadian frigate HMCS Fredericton ကနေ ပျံတက်ခဲ့တာဖြစ်ပါတယ်။
ကနေဒါဖရီဂိတ်ဟာ နေတိုးအုပ်စု NATO standing group in the SNMG2 region ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ရဟတ်ယာဉ်အမျိုးအစားက CH-148 Cyclone ဖြစ်တယ်လို့ သိရပါတယ်။မဟာမိတ်တပ်ဖွဲ့ရေယာဉ်တွေနဲ့ ရေကြောင်းလေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း ဂရိကမ်းရိုးတန်းပြင်ပတစ်နေရာမှာ ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပေမဲ့လည်း နောက်ထပ်သတင်း တစုံတရာ ရရှိခြင်း မရှိသေးပါဘူး။
ပျက်ကျသွားတဲ့နေရာ ဂရိနိုင်ငံ အနောက်ပိုင်း၊ Ionian Sea ပင်လယ်ထဲမှာ ဖြစ်ပါတယ်။
Image may contain: ocean and outdoor
Image may contain: one or more people and outdoor
Image may contain: ocean, sky, outdoor and water
Image may contain: ocean, water and outdoor
Image may contain: ocean, sky, outdoor and water
No photo description available.
No photo description available.
No photo description available.
No photo description available.


Crd : ပင်လယ်ရေကြောင်းမဟာဗျူဟာနှင့် ရေကြောင်းစစ်အယူအဆများ

0 comments:

Post a Comment