Wednesday, April 29, 2020

တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာတပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအား လာရောက်လေ့လာပြီး COVID-19 ရောဂါနှင့် ပတ်သတ်၍ထိန်းချုပ်ကုသရေးဆိုင်ရာများ ဆွေးနွေး

Image may contain: one or more people, people standing and indoor

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ယမန့်နေ့ နံနက်ပိုင်းတွင် တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် Covid-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုများ၊ ရောဂါရှာဖွေသည့် ဓာတ်ခွဲခန်းအသုံးပြုမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါအဖွဲ့သည် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်ရင်းအစည်းအဝေးခန်းမတွင် COVID-19 ရောဂါကုသရေး၊ ကာကွယ်တားဆီးရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန် နှင့် ဌာနမှူးများ၊ ဆေးပညာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ ဆွေးနွေးရာတွင် ဆေးရုံတပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန်က တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအတွင်း COVID-19 လူနာလက်ခံရန် လျာထားသည့် ကုသဆောင်များ၊ အထူးကြပ်မတ်ကုသခန်းများနှင့် ဓာတ်ခွဲခန်းတို့အပြင် ကုသရန်ပြင်ဆင်ထားမှုများ၊ ဆေးရုံကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်နေမှုများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဝူဟန်မြို့ တွင် COVID-19 ရောဂါဖြစ်ပွားစဉ်က လူနာများအား ပြုစုကုသရာတွင် တွေ့ကြုံခဲ့ရ သော အတွေ့အကြံုများ၊ အကြံပြုချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်ဖက်ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ စစ်မြေပြင်ဆေးတပ်ရင်းများမှ ပါရဂူဆေးမှူးသူနာပြုအရာရှိများပါဝင်သော အဖွဲ့တို့နှင့် COVID ရောဂါအကြောင်းကို တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ စာသင်ခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြသည်။
တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်များက ဝူဟန်နှင့် ရှန်ဟဲမြို့ တို့တွင် COVID ရောဂါဝေဒနာရှင်များကို ICU အထူးကြပ်မတ်ကုသဆောင် တွင် တွေ့ကြုံရသောအတွေ့အကြံုများ၊ ကုသနည်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးဌာန (CDC) မှ ဆောင်ရွက်ခဲ့သော ရောဂါအချက်အလက် ထောက်လှန်းမှု လုပ်ငန်း၊ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နေမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် နောက်ရက်များတွင် ၎င်းတို့သယ်ဆောင် လာသော ဓာတ်ခွဲခန်းပစ္စည်းကိရိယာများကိုတပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) PCR Lob တွင် တပ်ဆင်ကာ COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people, people standing and indoor
Image may contain: 1 person, standing and hat
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people and people standing
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ သည် မြန်မာတပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအား လာရောက် လေ့လာပြီး COVID-19 ရောဂါနှင့် ပတ်သတ်၍ထိန်းချုပ်ကုသရေးဆိုင်ရာများ ဆွေးနွေး
Thursday, April 30, 2020

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့သည် ယမန့်နေ့ နံနက်ပိုင်းတွင် တပ်မတော်အသည်းရောဂါ အထူးကု ဆေးရုံကြီးတွင် Covid-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုများ၊ ရောဂါရှာဖွေသည့် ဓာတ်ခွဲခန်းအသုံးပြုမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါအဖွဲ့သည် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်ရင်းအစည်းအဝေးခန်းမတွင် COVID-19 ရောဂါကုသရေး၊ ကာကွယ်တားဆီးရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန် နှင့် ဌာနမှူးများ၊ ဆေးပညာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ ဆွေးနွေးရာတွင် ဆေးရုံတပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန်က တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအတွင်း COVID-19 လူနာလက်ခံရန် လျာထားသည့် ကုသဆောင်များ၊ အထူးကြပ်မတ်ကုသခန်းများနှင့် ဓာတ်ခွဲခန်းတို့အပြင် ကုသရန်ပြင်ဆင်ထားမှုများ၊ ဆေးရုံကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်နေမှုများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဝူဟန်မြို့ တွင် COVID-19 ရောဂါဖြစ်ပွားစဉ်က လူနာများအား ပြုစုကုသရာတွင် တွေ့ကြုံခဲ့ရ သော အတွေ့အကြုံများ၊ အကြံပြုချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်ဖက်ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ စစ်မြေပြင်ဆေးတပ်ရင်းများမှ ပါရဂူဆေးမှူးသူနာပြုအရာရှိများပါဝင်သော အဖွဲ့တို့နှင့် COVID ရောဂါအကြောင်းကို တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ စာသင်ခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြသည်။
တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်များက ဝူဟန်နှင့် ရှန်ဟဲမြို့ တို့တွင် COVID ရောဂါဝေဒနာရှင်များကို ICU အထူးကြပ်မတ်ကုသဆောင် တွင် တွေ့ကြုံရသောအတွေ့အကြုံများ၊ ကုသနည်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးဌာန (CDC) မှ ဆောင်ရွက်ခဲ့သော ရောဂါအချက်အလက် ထောက်လှန်းမှု လုပ်ငန်း၊ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နေမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် နောက်ရက်များတွင် ၎င်းတို့သယ်ဆောင် လာသော ဓာတ်ခွဲခန်းပစ္စည်းကိရိယာများကိုတပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) PCR Lob တွင် တပ်ဆင်ကာ COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment