Wednesday, April 29, 2020

မြောက်ဥက္ကလာမှ လက်နှက်များ စုဆောင်းသူကို ဖမ်းဆီးရမိ

Image may contain: 4 people, people standing and outdoor

မြောက်ဥက္ကလာပမြို့နယ်၊ (စျ )ရပ်ကွက်၌ဖမ်းဆီးရမိသောလက်နှက်ခဲယမ်းများစုဆောင်းထားသူကိုယမာန်နေ့ည ၁၀ နာရီခန့်ကမွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ဖမ်းမိကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းအပိုင် စစ်တောင်းတံတားဟောင်း၌ ကားရောလူပါဖမ်းမိခြင်းဖြစ်သည်ဟု၎င်းကပြောသည်။
ဖမ်းဆီးရမိဖြစ်စဉ်ကို အတည်ပြုနိုင်ရေး မြစ်ဖျားဧရာမှ ယနေ့နံနက် မြောက်ဥက္ကလာ ရဲစခန်းသို့ဆက်သွယ်မေးမြန်းသည့်အခါ ဖမ်းမိသည်ကိုသူကိုယ်တိုင်မသိသေးသဖြင့်ဆက်သွယ်အတည်ပြုချက်ရယူပြီးမှ ဖမ်းမိသည်မှာမှန်ကန်ကြောင်း ဒုရဲအုပ်ဦးစိန်လွင်ကပြောသည်။
" ဖမ်းဆီးရမိတယ်ဆိုတာဟုတ်ပါတယ်၊ သိမ်ဇရပ်ကနေခေါ်လာနေပါပြီခင်ဗျ " ဟု၎င်းကပြောသည်။
ဦးပြည့်စုံဝင်းဘို၏နေအိမ်၌ကျည်ဆံနှင့်လက်နှက်များလက်ဝယ်ထားရှိသည်ဟူသည့်သတင်းပေးပို့ချက်အရ ယခုလ၂၈ ရက်ညတွင်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ခိုင်ဦးစီးတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေရာ လက်နှက်မျိုးစုံကိုဦးပြည့်စုံဝင်းဘိုအိပ်ခန်းထဲ၌တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တရားခံပြည့်စုံဝင်းဘိုသည်ဆိုင်ကယ်ပွဲစားလုပ်ငန်းကိုလည်းလုပ်ကိုင်သောကြောင့်လက်နှက်များရရှိနိုင်သည့်နယ်စပ်ဒေသများသို့မကြာခဏရောက်ရှိခြင်းကြောင့်ပြန်လည်ရောင်းချရန်စုဆောင်းထားရှိခြင်းလည်းဖြစ်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြင့်လွင်ကသုံးသပ်သည်။
" လက်ရှိမှာအဖွဲ့ဖွဲ့ပြီးစစ်ဆေးနေပါတယ်၊ဖြစ်နိုင်ခြေတွေကအများကြီးရှိပါတယ်၊တိတိကျကျပြောဖို့တော့စောပါသေးတယ်ဗျ "ဟု၎င်းကပြောသည်။
ဖမ်းဆီးရမိသောပစ္စည်းများမှာတရားမဝင်လေသေနတ်လေးလက်၊ကော်စေ့ဖြင့်ပစ်ခတ်သည့်ကော်ပစ္စတိုသေနတ်နှစ်လက်၊လေသေနတ်ကျည် ၂၅၄၈ တောင့်၊သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ဓါးမျိုးစုံ ၂၅ လက်၊ပုဆိန်တစ်လက်၊ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါလက်နှက်ခဲယမ်းများနှင့်အတူတွေ့ရှိခဲ့သောဖခင်ဖြစ်သူဦးဝင်းဘိုနှင့်ထွက်ပြေးတိမ်းရှောင်ခဲ့သူပြည့်စုံဝင်းဘိုအားမြောက်ဥက္ကလာပမြို့မရဲစခန်းမှ ပ ၉၈၂/၂၀၂၀ လက်နှက်ဥပဒေပုဒ်မ ၁၉ စ နဲ့အရေးယူထားကြောင်းသိရသည်။
Image may contain: one or more people and people standing
Image may contain: 1 person, text that says 'ယခုဖမ်းမိလာသူ'
Image may contain: one or more people and people sitting
Image may contain: one or more people
No photo description available.
Image may contain: one or more people and indoor
Image may contain: one or more people and guitar
Ref ; Myitphyar Irra
<zawgyi>
မြောက်ဥက္ကလာမှ လက်နှက်များ စုဆောင်းသူကို ဖမ်းဆီးရမိ
Thursday, April 30, 2020

မြောက်ဥက္ကလာပမြို့နယ်၊ (စျ )ရပ်ကွက်၌ဖမ်းဆီးရမိသောလက်နှက်ခဲယမ်းများစုဆောင်းထားသူကိုယမာန်နေ့ည ၁၀ နာရီခန့်ကမွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ဖမ်းမိကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းအပိုင် စစ်တောင်းတံတားဟောင်း၌ ကားရောလူပါဖမ်းမိခြင်းဖြစ်သည်ဟု၎င်းကပြောသည်။
ဖမ်းဆီးရမိဖြစ်စဉ်ကို အတည်ပြုနိုင်ရေး မြစ်ဖျားဧရာမှ ယနေ့နံနက် မြောက်ဥက္ကလာ ရဲစခန်းသို့ဆက်သွယ်မေးမြန်းသည့်အခါ ဖမ်းမိသည်ကိုသူကိုယ်တိုင်မသိသေးသဖြင့်ဆက်သွယ်အတည်ပြုချက်ရယူပြီးမှ ဖမ်းမိသည်မှာမှန်ကန်ကြောင်း ဒုရဲအုပ်ဦးစိန်လွင်ကပြောသည်။
" ဖမ်းဆီးရမိတယ်ဆိုတာဟုတ်ပါတယ်၊ သိမ်ဇရပ်ကနေခေါ်လာနေပါပြီခင်ဗျ " ဟု၎င်းကပြောသည်။
ဦးပြည့်စုံဝင်းဘို၏နေအိမ်၌ကျည်ဆံနှင့်လက်နှက်များလက်ဝယ်ထားရှိသည်ဟူသည့်သတင်းပေးပို့ချက်အရ ယခုလ၂၈ ရက်ညတွင်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ခိုင်ဦးစီးတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေရာ လက်နှက်မျိုးစုံကိုဦးပြည့်စုံဝင်းဘိုအိပ်ခန်းထဲ၌တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တရားခံပြည့်စုံဝင်းဘိုသည်ဆိုင်ကယ်ပွဲစားလုပ်ငန်းကိုလည်းလုပ်ကိုင်သောကြောင့်လက်နှက်များရရှိနိုင်သည့်နယ်စပ်ဒေသများသို့မကြာခဏရောက်ရှိခြင်းကြောင့်ပြန်လည်ရောင်းချရန်စုဆောင်းထားရှိခြင်းလည်းဖြစ်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြင့်လွင်ကသုံးသပ်သည်။
" လက်ရှိမှာအဖွဲ့ဖွဲ့ပြီးစစ်ဆေးနေပါတယ်၊ဖြစ်နိုင်ခြေတွေကအများကြီးရှိပါတယ်၊တိတိကျကျပြောဖို့တော့စောပါသေးတယ်ဗျ "ဟု၎င်းကပြောသည်။
ဖမ်းဆီးရမိသောပစ္စည်းများမှာတရားမဝင်လေသေနတ်လေးလက်၊ကော်စေ့ဖြင့်ပစ်ခတ်သည့်ကော်ပစ္စတိုသေနတ်နှစ်လက်၊လေသေနတ်ကျည် ၂၅၄၈ တောင့်၊သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ဓါးမျိုးစုံ ၂၅ လက်၊ပုဆိန်တစ်လက်၊ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါလက်နှက်ခဲယမ်းများနှင့်အတူတွေ့ရှိခဲ့သောဖခင်ဖြစ်သူဦးဝင်းဘိုနှင့်ထွက်ပြေးတိမ်းရှောင်ခဲ့သူပြည့်စုံဝင်းဘိုအားမြောက်ဥက္ကလာပမြို့မရဲစခန်းမှ ပ ၉၈၂/၂၀၂၀ လက်နှက်ဥပဒေပုဒ်မ ၁၉ စ နဲ့အရေးယူထားကြောင်းသိရသည်။
Ref ; Myitphyar Irra

0 comments:

Post a Comment