Wednesday, April 29, 2020

သောက်သုံးရေ ရှားပါးလျက်ရှိသည့်ဒေသများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Image may contain: one or more people and outdoor

နွေရာသီရောက်ရှိလာပြီးဖြစ်၍ သောက်သုံးရေရှားပါးလျက်ရှိပြီး Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များ ရှိလာ၍ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်နေ ပြည်သူများသို့ သောက်သုံးရေဂါလန် ၂၄၀၀ ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ မြို့သစ်ရပ်ကွက်နေ ပြည်သူများသို့ သောက်သုံးရေဂါလန် ၂၄၀၀ ကိုလည်းကောင်း၊ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေးကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄၀၀ နှင့် ချောင်းဖျားကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄၀၀ တို့ကို လည်းကောင်း သွားရောက်လှူဒါန်းကြသည်။
အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ မဲခရဲကျေးရွာသို့ သောက်သုံးရေသန့် ၆၀၀ ဂါလန် နှင့် သုံးရေ ၃၀၀၀ ဂါလန်တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Image may contain: 1 person, standing and outdoor
#Myanmar_Online_News

>>zawgyi<<
သောက်သုံးရေ ရှားပါးလျက်ရှိသည့်ဒေသများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
Thursday, April 30, 2020

နွေရာသီရောက်ရှိလာပြီးဖြစ်၍ သောက်သုံးရေရှားပါးလျက်ရှိပြီး Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များ ရှိလာ၍ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်နေ ပြည်သူများသို့ သောက်သုံးရေဂါလန် ၂၄၀၀ ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ မြို့သစ်ရပ်ကွက်နေ ပြည်သူများသို့ သောက်သုံးရေဂါလန် ၂၄၀၀ ကိုလည်းကောင်း၊ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေးကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄၀၀ နှင့် ချောင်းဖျားကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄၀၀ တို့ကို လည်းကောင်း သွားရောက်လှူဒါန်းကြသည်။
အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ မဲခရဲကျေးရွာသို့ သောက်သုံးရေသန့် ၆၀၀ ဂါလန် နှင့် သုံးရေ ၃၀၀၀ ဂါလန်တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment