Wednesday, April 29, 2020

ကချင်ပြည်နယ်ပြင်ပနေထိုင်သူများအား နေရပ်အသီးသီးသို့ တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် တတိယအကြိမ်မြောက် ပို့ဆောင်မည်ဖြစ်

Image may contain: one or more people, mountain, sky, outdoor and nature
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်ကချင်ပြည်နယ်ပြင်ပနေထိုင်သူများဖြစ်သည့် ရှမ်းပြည်နယ်၌ နေထိုင်သူ(၄၉)ဦးသည် မော်တော်ယာဉ်(၅)စီးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူ(၁၇၃)ဦးသည် မော်တော်ယာဉ်(၁၇)စီးဖြင့်လည်းကောင်း ဧပြီ ၃၀ ရက် နံနက် ၇ နာရီက လွယ်ဂျယ်မြို့မှ ထွက်ခွာခဲ့ပြီဖြစ်သည်။

အဆိုပါနေရပ်ပြန်သူများအား မိုးမောက်မြို့နယ်၊ကျောက်စခန်းကျေးရွာရှိ စီစစ်လက်ခံရေးစခန်းမှတဆင့်တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ကချင်ပြည်နယ်နယ်စပ်အထိ လိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
Image may contain: sky, mountain, cloud, tree, outdoor and nature
Image may contain: sky, car, outdoor and nature

Crd : ဗန်းမော်ပွင့်သစ်

0 comments:

Post a Comment