Thursday, April 30, 2020

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏ တာဝန်ရှိသူများသို့ မေးနေမိတဲ့မေးခွန်းများ

Image may contain: 2 people

နေပြည်တော်ကိုလာမယ့် ဌာနအဖွဲ့အစည်းများနဲ့ အများပြည်သူလိုက်နာဖို့အသိပေးကြေငြာချက်မှာအဓိကအားဖြင့် ရောဂါဖြစ်ပွားရာတိုင်းနဲ့ပြည်နယ်တွေရှိ stay at home မြို့နယ်ကလူတွေ နေပြည်တော်လာမယ်ဆိုရင်-
- တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မပါရင် ( သို့ ) နေပြည်တော်ကခေါ်တဲ့စာမပြနိုင်ရင် CBFQ ၂၁ ရက်ဝင်စေ ၊
-အဲဒါတွေပြနိုင်ရင်တော့ Q ဝင်စရာမလို ၊ မြို့ဝင်ဂိတ်မှာကျန်းမာရေးစစ်လို့ OK ဆိုရင် သင်သွားလိုရာသွားနိုင် ။
မေးစရာတွေပေါ်လာတာက -
-ရောဂါပျိုးချိန် အနဲဆုံး ၃ ပါတ်လောက်ရှိတဲ့အတွက် ၂၁ ရက် Q ဝင်စောင့်ကြည့်ရမယ့်ကိစ္စမှာ ဝင်ရေး မဝင်ရေးကို ( " တာဝန်ရှိသူရဲ့ခွင့်ပြုချက်" တို့ " နေပြည်တော်ကအကြောင်းကြားစာ ") တို့က ဘယ်လိုကျန်းမာရေးအသိအမြင်နဲ့ အဆုံးအဖြတ်ဝင်ပေးလိုက်တာလဲ ?
- Virus infected ဖြစ်ထားသည့်တိုင် ထောက်ခံစာပါလို့ ဂိတ်မှာကျန်းမာရေးစစ်တဲ့အချိန် ကိုယ်မပူ ချောင်းမဆိုးသေးရင် နေပြည်တော်အနှံ့စကြာင်္ဖြန့်ခွင့်ရသူဖြစ်သွားပြီလား ?
-တာဝန်ရှိသူ ဆိုသူရဲ့ထောက်ခံစာတစ်စောင်က နေပြည်တော်လူထုရဲ့ကျန်းမားရေးလုံခြုံမှုကို အာမခံတယ်လား?
ဆက်စဉ်းစား -
မေ ၁၈ ရက်မှာ လွှတ်တော်တွေပြန်စပါမယ် ၊
အမတ်တွေအားလုံးမှာ လွှတ်တော်တက်ဖို့ဖိတ်စာတွေပါပါမယ် ၊ ဖိတ်စာအထောက်အထားအရ Q ဝင်ရန်မလို ၊ virus ကိစ္စ ဘယ်သူတာဝန်ယူပါ့မလဲ ?
-လွှတ်တော်ပြန်စ ၊ ထုတ်ပြန်ထားတာက ငါးယောက်ထက်ပိုမစုရ ၊ အရေးကြီးနိုင်ငံ့တာဝန် ထမ်းဆောင်နေလို့စုဝေးရပါတယ်ဆိုရင် ကန့်သတ်ထားတဲ့ ၆ ပေကွာ နေရာချဖို့ရှိ မရှိ ၊
-အကွာအဝေးချဲလိုက်လို့ spacing မလုံလောက်ရင် လွှတ်တော်အပေါ်ထပ်ပါအသုံးပြုမလား?
-မဲပေးဆုံးဖြတ်ရမယ့်အခါ အပေါ်ထပ်မှာ voting facility ရှိ / မရှိ ?
-ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်ချမှတ်ထားတဲ့ကန့်သတ်ချက်တွေအတိုင်းလွှတ်တော်မှာဆောင်ရွက်နိုင်ဖွယ်ရှိ/ မရှိ ?
ဆက်တွေးရင်ဆက်မေးစရာတွေ ၊
ဘယ်သူဖြေပါ့မလဲ ?????
Image may contain: 18 people, crowd

Crd : U Than Htay #Myanmar_Online_News

0 comments:

Post a Comment