Saturday, April 4, 2020

ကမ္ဘာ့လူသားအားလုံး၏ ထက်ဝက်ကူးစက်ခံနေရတဲ့ ကိုဗစ်-နိုင်တင်းရောဂါနှင့် ကျွန်ုပ်တို့ကမ္ဘာ၏ လက်ရှိအခြေအနေ

Image may contain: text and outdoor
ယခုအခါတွင် လူသန်းပေါင်း ၃,၉၀၀ ကျော် သို့မဟုတ် ကမ္ဘာ့လူဦးရထက်ဝက်သည် ကိုဗစ်-နိုင်တင်းရောဂါ တိုက်ဖျက်ရေးအတွက် ၎င်းတို့နေအိမ်များ၌ နေထိုင်ကြစေရန် ဖြစ်လာသည်။ ဤတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ၊ ရောဂါခြေချုပ်နှင့် မဖြစ်မနေ သို့မဟုတ် ကန့်သတ်ကြောင်း ညွှန်ကြားခြင်းခံရသည့် နိုင်ငံနှင့် နယ်မြေပေါင်း ၉၀ ကျော်တို့ ပါဝင်လျှက်ရှိသည်။
ကျန်နိုင်ငံနှင့် နယ်မြေ ၄၉-ခု တို့တွင် နေထိုင်သူ ၂,၇၈၀ -သန်းတို့မှာ လတ်တေလောဖြစ်ပေါ်နေသော အခြေအနေအရ လိုက်နာရန်တာဝန်ရှိသည်ဟုဆိုကာ ၎င်းတို့နေအိမ်၌ ပိတ်လှောင်ထားခြင်း ခံနေကြရသည်။ ယမန်နေ့တွင် ထိုင်းနိုင်ငံက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ြခင်းမှာ ကမ္ဘာ့လူဦးရေ သန်း ၇,၈၀၀ ၏ ထက်ဝက်ကျော်စေရန် တွန်းအားပေးသလိုရှိသည်။ ဗြိတိန်ကဲ့သို့ပင် ဥရောပတွင် ပြင်သစ်၊ အီတလီနှင့်စပိန်တို့၌လည်း ကန့်သတ်မှုများ ပြုလုပ်ထားသည်။ အာရှတိုက်တွင်မူ အလားတူ ဥပဒေမျိုးကို အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အခြားနိုင်ငံတို့တွင် တွေ့နိုင်သည်။

အမေရိကန်ပြည်ထောင်စု၏ နယ်မြေအများစုသည် တားဆီးပိတ်ဆို့ခြင်း အောက်တွင် ရှိနေပြီး အတော်ကြီးဝေးကွာသော နယူးဇီလန်သည်လည်း ထိုအဖြစ်မျိုးနှင့် မကင်းခဲ့ပါ။ အာဖရိကသည် အခြားဒေသများထက် ကိုဗစ်-နိုင်တင်းကူးစက်ပျံ့နှံ့မှု နောက်ကျသော်လည်း တစ်ခုနှင့်တစ်ခု အတော်ဝေးဝေးတိုင်းပြည်များြဖစ်သည့် မော်ရိုကိုနှင့် တောင်အာဖရိကကဲ့သို့နိုင်ငံမြား၌ အရေးယူမှုမြား စတငျနပေါသညျ။ ထိုစာရငျးတှငျ အီရစျထရီးယားလညျး ကွာသပတေးနေ့၌ ပါဝငျလာခဲ့ပွီး နိုငျငံသားမြားအား ၂၁-ရကျကွာ နအေိမျမြားတှငျ နကွေရနျ ညှှနျကွားထားသညျ။

နေရာအများစုတွင် လူတို့သည် အစားအစာနှင့်ဆေးဝါးကဲ့သို့ အရေးပါသည့်ပစ္စည်းများဝယ်ယူရန်နှင့် အလုပ်သွားရန် နေအိမ်အပြင်သို့ ထွက်နိုင်သည်။ သို့သော်လည်း ဖြစ်နိုင်လျှင် နေအိမ်မှနေ၍ အလုပ်လုပ်ကြရန် တိုက် တွန်းအားပေးသည်။

စုစုပေါင်း လူဦးရေ သန်း ၆၀၀ ခန့်ရှိမည့် ဂျာမနီ၊ ကနေဒါ၊ မက္ကဆီကို၊ အီရန်အပါအဝင် နိုင်ငံ ၁၀-နိုင်ငံ၏ အစိုးရ တို့သည် နိုင်ငံသားတို့အား နေအိမ်အတွင်း ၌သာ နေကြရန် တိုက်တွန်းသည်။ သို့သော် ဒါဏ်ငွေရိုက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းကဲ့သို့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ခြင်းမရှိပါ။

နိုင်ငံ သို့မဟုတ် နယ်မြေ ၂၆-ခု နေ လူဦးရေ သန်း ၅၀၀ နီးပါးတို့၏ အစိုးရတို့မှာမူ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ပြဋ္ဌာန်းထားသည်။ ညနေနှင့် ညပိုင်းသာမက နေအိမ်၌သာ နေစေသည်။ ထိုပုံစံမျိုးကို ကင်ညာ၊ အီဂျစ်၊ မာလီစသည့် အာဖရိကနိုင်ငံများနှင့် ချီလီ၊ ပနားမားနှင့် ပြူတိုရီကို ကဲ့သို့ လက်တင်အမေရိက နိုင်ငံများတွင် တွေ့ရှိရသည်။

အနည်းဆုံး ၇-နိုင်ငံမှ အစိုးရတို့ကမူ လူအများအပြား လာရောက်စုဝေးလေ့ရှိခြင်းကို အလေးထားသည်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံ ရီယာ့ဒ်၊ မဒီနာနှင့် မက္ကာမြို့များတွင် မည်သူမဆို သွားလာ-ဝင်ထွက်ခြင်းမှ တားမြစ်ထားသည်။ ဖန်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့နှင့် ကွန်ဂိုဒီမိုကရစ်တစ်သမ္မတနိုင်ငံ ကင်ရှာဆာတွင်လည်း အလားတူဥပဒေမျိုး ပြဋ္ဌာန်းထားရာ နေထိုင်သူ လူဦးရေ စုစုပေါင်း သန်း-၃၀ ကျော်တို့က လိုက်နာရမည်ဖြစ်သည်။
Source-htayoung #Myanmar_Online_News

>>zawgyi<<

ကမ္ဘာ့လူသားအားလုံး၏ ထက်ဝက်ကူးစက်ခံနေရတဲ့ ကိုဗစ်-နိုင်တင်းရောဂါနှင့် ကျွန်ုပ်တို့ကမ္ဘာ၏ လက်ရှိအခြေအနေ
Saturday, April 4, 2020

ယခုအခါတွင် လူသန်းပေါင်း ၃,၉၀၀ ကျော် သို့မဟုတ် ကမ္ဘာ့လူဦးရထက်ဝက်သည် ကိုဗစ်-နိုင်တင်းရောဂါ တိုက်ဖျက်ရေးအတွက် ၎င်းတို့နေအိမ်များ၌ နေထိုင်ကြစေရန် ဖြစ်လာသည်။ ဤတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ၊ ရောဂါခြေချုပ်နှင့် မဖြစ်မနေ သို့မဟုတ် ကန့်သတ်ကြောင်း ညွှန်ကြားခြင်းခံရသည့် နိုင်ငံနှင့် နယ်မြေပေါင်း ၉၀ ကျော်တို့ ပါဝင်လျှက်ရှိသည်။

ကျန်နိုင်ငံနှင့် နယ်မြေ ၄၉-ခု တို့တွင် နေထိုင်သူ ၂,၇၈၀ -သန်းတို့မှာ လတ်တေလောဖြစ်ပေါ်နေသော အခြေအနေအရ လိုက်နာရန်တာဝန်ရှိသည်ဟုဆိုကာ ၎င်းတို့နေအိမ်၌ ပိတ်လှောင်ထားခြင်း ခံနေကြရသည်။ ယမန်နေ့တွင် ထိုင်းနိုင်ငံက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ြခင်းမှာ ကမ္ဘာ့လူဦးရေ သန်း ၇,၈၀၀ ၏ ထက်ဝက်ကျော်စေရန် တွန်းအားပေးသလိုရှိသည်။ ဗြိတိန်ကဲ့သို့ပင် ဥရောပတွင် ပြင်သစ်၊ အီတလီနှင့်စပိန်တို့၌လည်း ကန့်သတ်မှုများ ပြုလုပ်ထားသည်။ အာရှတိုက်တွင်မူ အလားတူ ဥပဒေမျိုးကို အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အခြားနိုင်ငံတို့တွင် တွေ့နိုင်သည်။

အမေရိကန်ပြည်ထောင်စု၏ နယ်မြေအများစုသည် တားဆီးပိတ်ဆို့ခြင်း အောက်တွင် ရှိနေပြီး အတော်ကြီးဝေးကွာသော နယူးဇီလန်သည်လည်း ထိုအဖြစ်မျိုးနှင့် မကင်းခဲ့ပါ။ အာဖရိကသည် အခြားဒေသများထက် ကိုဗစ်-နိုင်တင်းကူးစက်ပျံ့နှံ့မှု နောက်ကျသော်လည်း တစ်ခုနှင့်တစ်ခု အတော်ဝေးဝေးတိုင်းပြည်များြဖစ်သည့် မော်ရိုကိုနှင့် တောင်အာဖရိကကဲ့သို့နိုင်ငံများ၌ အရေးယူမှုများ စတင်နေပါသည်။ ထိုစာရင်းတွင် အီရစ်ထရီးယားလည်း ကြာသပတေးနေ့၌ ပါဝင်လာခဲ့ပြီး နိုင်ငံသားများအား ၂၁-ရက်ကြာ နေအိမ်များတွင် နေကြရန် ညွှန်ကြားထားသည်။

နေရာအများစုတွင် လူတို့သည် အစားအစာနှင့်ဆေးဝါးကဲ့သို့ အရေးပါသည့်ပစ္စည်းများဝယ်ယူရန်နှင့် အလုပ်သွားရန် နေအိမ်အပြင်သို့ ထွက်နိုင်သည်။ သို့သော်လည်း ဖြစ်နိုင်လျှင် နေအိမ်မှနေ၍ အလုပ်လုပ်ကြရန် တိုက် တွန်းအားပေးသည်။

စုစုပေါင်း လူဦးရေ သန်း ၆၀၀ ခန့်ရှိမည့် ဂျာမနီ၊ ကနေဒါ၊ မက္ကဆီကို၊ အီရန်အပါအဝင် နိုင်ငံ ၁၀-နိုင်ငံ၏ အစိုးရ တို့သည် နိုင်ငံသားတို့အား နေအိမ်အတွင်း ၌သာ နေကြရန် တိုက်တွန်းသည်။ သို့သော် ဒါဏ်ငွေရိုက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းကဲ့သို့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ခြင်းမရှိပါ။

နိုင်ငံ သို့မဟုတ် နယ်မြေ ၂၆-ခု နေ လူဦးရေ သန်း ၅၀၀ နီးပါးတို့၏ အစိုးရတို့မှာမူ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ပြဋ္ဌာန်းထားသည်။ ညနေနှင့် ညပိုင်းသာမက နေအိမ်၌သာ နေစေသည်။ ထိုပုံစံမျိုးကို ကင်ညာ၊ အီဂျစ်၊ မာလီစသည့် အာဖရိကနိုင်ငံများနှင့် ချီလီ၊ ပနားမားနှင့် ပြူတိုရီကို ကဲ့သို့ လက်တင်အမေရိက နိုင်ငံများတွင် တွေ့ရှိရသည်။

အနည်းဆုံး ၇-နိုင်ငံမှ အစိုးရတို့ကမူ လူအများအပြား လာရောက်စုဝေးလေ့ရှိခြင်းကို အလေးထားသည်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံ ရီယာ့ဒ်၊ မဒီနာနှင့် မက္ကာမြို့များတွင် မည်သူမဆို သွားလာ-ဝင်ထွက်ခြင်းမှ တားမြစ်ထားသည်။ ဖန်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့နှင့် ကွန်ဂိုဒီမိုကရစ်တစ်သမ္မတနိုင်ငံ ကင်ရှာဆာတွင်လည်း အလားတူဥပဒေမျိုး ပြဋ္ဌာန်းထားရာ နေထိုင်သူ လူဦးရေ စုစုပေါင်း သန်း-၃၀ ကျော်တို့က လိုက်နာရမည်ဖြစ်သည်။
Source-htayoung #Myanmar_Online_News

0 comments:

Post a Comment