ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖီဆန်တဲ့ မြန်မာအမျိုးသား ၂ ဦးအပါအဝင် လူ ၈ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေထဲက မြန်မာအမျိုးသား ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် ကျော်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် ဂျာဂျားတို့ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား ၅ ဦး၊ တရုတ် နိုင်ငံသား ၁ ဦး ပါဝင်နေခဲ့တာပါ။
ပထုံရဲစခန်းက သူတို့တွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်ကို ဖီဆန်တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရဟာ ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဧပြီ ၃ ရက်နေ့ ညပိုင်းကစပြီး တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။
ညမထွက်ရ အမိန့်ဟာ နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ထားပြီး ဘဏ်လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ဆေးပစ္စည်းတွေနဲ့ လောင်စာတွေ၊ ညဆိုင်း ခွဲလုပ်ရသူတွေကလွဲရင် အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။
Source- reuters #Myanmar_Online_News
>>zawgyi<<
ညမထွက်ရ အမိန့်ဖီဆန်သည့် မြန်မာ ၂ ဦးအပါအဝင် လူ ၈ ဦးကို ထိုင်းရဲ ဖမ်းဆီး
Saturday, April 4, 2020
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖီဆန်တဲ့ မြန်မာအမျိုးသား ၂ ဦးအပါအဝင် လူ ၈ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေထဲက မြန်မာအမျိုးသား ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် ကျော်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် ဂျာဂျားတို့ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား ၅ ဦး၊ တရုတ် နိုင်ငံသား ၁ ဦး ပါဝင်နေခဲ့တာပါ။
ပထုံရဲစခန်းက သူတို့တွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်ကို ဖီဆန်တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရဟာ ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဧပြီ ၃ ရက်နေ့ ညပိုင်းကစပြီး တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။
ညမထွက်ရ အမိန့်ဟာ နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ထားပြီး ဘဏ်လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ဆေးပစ္စည်းတွေနဲ့ လောင်စာတွေ၊ ညဆိုင်း ခွဲလုပ်ရသူတွေကလွဲရင် အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။
Source- reuters #Myanmar_Online_News
0 comments:
Post a Comment